စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ

စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Bipolar disorder ကို စိတ်နှစ်ခွဖြစ်ခြင်း (စိတ်ကြွခြင်း၊ စိတ်ကျခြင်း) ရောဂါလို့ခေါ်ပြီး စိတ်ကြွခြင်းကတေ စိတ်ကျခြင်းအထိ စိတ်ပြောင်းလဲမှုဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါခံစားရသူအချို့ဟာ တခါတရံမှာ စိတ်လှုပ်ရှားခြင်း၊ စိတ်ကြွခြင်း၊ အားအင်ပြည့်ဝခြင်းတွေ ခံစားရနိုင်ပေမယ့် တခါတရံမှာတော့  စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေ ခံစားရနိုင်ပါတယ်။

စိတ်ပြောင်းလဲမှုတွေဟာ ပြင်းထန်နိုင်ပြီး နေ့စဉ်ဘဝကို ထိခိုက်နိုင်ကာ ဆက်ဆံရေးတွေကို မထိန်းသိမ်းနိုင်ခြင်း၊ ကျောင်းမှာ လုပ်ဆောင်ရည်ကျဆင်းခြင်း တွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးသောက်ခြင်းနဲ့ ကုထုံးတွေနဲ့ ကုသခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ဆေး

ဆရာဝန်က စိတ်ငြိမ်ဆေး (သို့) အတက်ကျဆေး ပေးနိုင်ပါတယ်။ စိတ်ကျသက်သာဆေးတွေဟာ ရောဂါဖေါက်ခြင်းကို သက်သာစေပါတယ်။ အချို့စိတ်ငြိမ်ဆေးတွေကတော့ lithium carbonate, antipsychotic ဆေးတွေနဲ့ အတက်ကျဆေးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ bipolar disorder အတွက် လိုအပ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့ လိုအပ်ပါတယ်။

အချို့ဆေးတွေမှာ ဆိုးကျိုးတွေဖြစ်တဲ့ စိတ်ကြွလက္ခဏာတွေ ဖြစ်နိုင်တာမို့ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီရောဂါကုသမှုဟာ ရောဂါအခြေအနေပေါ်မူတည်ပြီး အချိန်ကြာမြင့်နိုင်တာမို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။

ဆေးပမာဏ ပြောင်းလဲခြင်း (သို့) လက္ခဏာတွေ ဖြစ်ခြင်းတွေ ရှိရင် သင့်အခြေအနေပေါ်မှာ အကောင်းဆုံးအကြံဉာဏ်ပေးနိုင်ဖို့ ဆရာဝန်နဲ့ အမြန်ဆုံးတွေ့သင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကုသခြင်း

ဆေးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာ ကုသခြင်းတွေက ရောဂါလက္ခဏာကို သက်သာစေပါတယ်။ အသုံးများတဲ့ ကုသမှုတွေကတော့

Phychoeducation – ဒီကုထုံးဟာ ဒီရောဂါဖြစ်စေတဲ့ အကြောင်းရင်း၊ လက္ခဏာ၊ ကာကွယ်မှုတွေနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ပြောပြနိုင်ပါတယ်။ ဒီနည်းအားဖြင့် ရောဂါဖေါက်ခြင်းနဲ့ သတိပေးလက္ခဏာတွေ အကြောင်း ကြိုသိနိုင်ပြီး ရောဂါဖြစ်တဲ့ အကြိမ်ရေကို လျှော့ချနိုင်ပါတယ်။

Cognitive behavioural therapy (CBT) ဟာ လူနာရဲ့ တွေးခေါ်ပုံနဲ့ အပြုအမူတွေကို ပြောင်းလဲခြင်းအားဖြင့် ပြဿနာဖြေရှင်းခြင်း ဖြစ်ပါတယ်။ ဒီကုထုံးမှာ သင့်ပြဿနာတွေကို များပြားတဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲခြားလိုက်ပြီး ကျွမ်းကျင်သူနဲ့ စကားပြောဆိုခြင်း ဖြစ်ပါတယ်။ ကျွမ်းကျင်သူက ဒီအချက်အလက်တွေကို စိတ်ဖြာဖို့ ကူညီပေးပြီး ဒီကုသမှုရဲ့ ကျွမ်းကျင်မှုတွေကို နေ့စဉ်ဘဝမှာ အသုံးချဖို့ သင်ကြားပေးနိုင်ပါတယ်။

မိသားစု ကုထုံး – ဒီကုသမှုကတော့ မိသားစု ဆက်နွယ်မှုကို အထိကထားပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေဖို့အတွက် မိသားစု ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်အားပေးခြင်း ဖြစ်ပါတယ်။ မိသားစုဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေအတွက် အကောင်းဆုံးကုသမှု ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

လူမှုဘဝနေထိုင်ပုံတွေကို ပြောင်းလဲခြင်း

နေ့စဉ်ဘဝနေထိုင်ပုံတွေဟာ စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးရော၊ ဆိုးကျိုးပါ ရှိနိုင်ပါတယ်။ ကျန်းမာတဲ့နည်းတွေကိုပြောင်းလဲခြင်းဟာ ဒီရောဂါကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒါကြောင့် လုံလောက်စွာ အိပ်စက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားခြင်း၊ လေ့ကျင့်ခန်းဖြစ်တဲ့ ယောဂပုံမှန် လေ့ကျင့်ခြင်းတွေ လုပ်သင့်ပါတယ်။ ဆေး၊ စီးကရက်၊ အရက် သုံးစွဲခြင်းတွေ လုပ်သင့်ပါတယ်။ သင်ဟာ ဆေးလိပ်၊ အရက်သောက်သူဆိုရင် ဖြတ်သင့်ပါတယ်။

ဒီအရာတွေဟာ ကိုယ်ခန္ဓာကိုရော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကိုပါ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု ထိန်းချုပ်သင့်ပြီး အနားယူဖို့ အစီအစဉ်လုပ်သင့်ပါတယ်။

ပျော်ရွှင်အောင်နေခြင်းဟာ စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို သင့်အအခြေအနေကို ထောက်ပံ့ပေးဖို့ တောင်းဆိုသင့်ပြီး အချို့လှုပ်ရှားမှုတွေမှာ အတူပါဝင်စေသင့်ပါတယ်။ ဆရာဝန်နဲ့ မကြာခဏပြသခြင်းဟာလည်း ဒီရောဂါကို ထိ်န်းချုပ်ဖို့အတွက် အကျိုးရှိနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly