ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် လက်ရှိချန်ပီယံရီးယဲလ်တို့ ပီအက်စ်ဂျီနှင့် တွေ့ဆုံ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် လက်ရှိချန်ပီယံရီးယဲလ်တို့ ပီအက်စ်ဂျီနှင့် တွေ့ဆုံ

ဒီဇင်ဘာ ၁၁၊ နီယွန် ။           ။ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်များအတွက် မဲခွဲပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့ရှိ ယူအီးအက်ဖ်အေရုံးချုပ်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မဲခွဲမှုအရ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းမှာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီနှင့် တွေ့ဆုံခဲ့ပြီး ပွဲအကျပ်ဆုံး ဖြစ်သွားခဲ့သည်။ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူဖို့ ရည်မှန်းနေသည့် ရီးယဲလ်အသင်းအတွက် အလွန်ခက်ခဲသည့် ပြိုင်ဘက်နှင့် တွေ့ဆုံသွားရခြင်း ဖြစ်သည်။

၎င်းတို့ ပွဲစဉ်အပြီးတွင် ခက်ခဲသည့် ပွဲအကျပ်ဆုံးပွဲစဉ်များမှာ ချယ်လ်ဆီးနှင့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် စပါးအသင်းတို့ ပွဲစဉ်များ ဖြစ်သည် နည်းပြကွန်တီ၏ ချယ်လ်ဆီးမှာ ဘာစီလိုနာနှင့်တွေ့ဆုံခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အသင်းများတွင် ပွဲအကျပ်ဆုံးဖြစ်ခဲ့ရသည်။

ယူရိုပါလိဂ်ချန်ပီယံ မန်ယူအသင်းမှာ စပိန်ကလပ် ဆီဗီလာနှင့်တွေ့ဆုံခဲ့ပြီး မန်စီးတီးနှင့်ဘေဆယ်၊ လီဗာပူးလ်နှင့်ပေါ်တိုတို့ တွေ့ဆုံခဲ့ကြသည်။ ထို့ကြောင့် ပရီးမီးယားလိဂ်အသင်းငါးသင်းတွင် မန်ယူ၊ မန်စီးတီးနှင့်လီဗာပူးလ်တို့မှာ စပါးနှင့်ချယ်လ်ဆီးတို့ထက် ပိုမိုပွဲချောင်ခဲ့ကြသည်။

အခြားပွဲစဉ်များတွင် ရှက်တာဒိုးနက်နှင့်ရိုးမား၊ ဘိုင်ယန်မြူးနစ်နှင့် ဘီဆစ်တပ်စ်တို့ တွေ့ဆုံခဲ့ကြသည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်အဆင့်ပွဲစဉ်များ၏ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၃/၁၄၊ ၂၀/၂၁ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ၆/၇၊ ၁၃/၁၄ ရက်နေ့များတွင် ကစားသွားမည် ဖြစ်သည်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်များ

==========================

ဂျူဗင်တပ်စ် - စပါး

ဘေဆယ်လ် - မန်စီးတီး

ပေါ်တို - လီဗာပူးလ်

ဆီဗီလာ - မန်ယူ

ရီးယဲလ် - ပီအက်စ်ဂျီ

ရှက်တာဒိုးနက် - ရိုးမား

ချယ်လ်ဆီး - ဘာစီလိုနာ

ဘိုင်ယန်မြူးနစ် - ဘီဆစ်တပ်စ်

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly