ဘာစီလိုနာရဲ့စံချိန်ကို လိုက်မီဖို့ ရီးယဲလ်အသင်း 2017 FIFA Club World Cup ချန်ပီယံဆုကို ရယူနိုင်မလား

ဘာစီလိုနာရဲ့စံချိန်ကို လိုက်မီဖို့ ရီးယဲလ်အသင်း 2017 FIFA Club World Cup ချန်ပီယံဆုကို ရယူနိုင်မလား
 

 

FIFA Club World Cup ပြိုင်ပွဲဝင်ဖို့ ရီးယဲလ်မက်ဒရစ်အသင်းသားတွေ ယူအေအီးနိုင်ငံ၊ အဘူဒါဘီကိုရောက်ရှိလာခဲ့ကြပြီ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ FIFA Club World Cup ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်သလို ချန်ပီယံလိဂ်ဖလား ၂ နှစ်ဆက်တိုက် ရရှိခဲ့တာကြောင့် ပြိုင်ပွဲဝင်ခွင့်ထပ်မံရရှိထားတာ ဖြစ်ပါတယ်။

ရီးယဲလ်တို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကနေ စတင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ယူအေအီးကလပ် အယ်လ်ဂျားဇီးယားနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အယ်လ်ဂျားဇီးယားအသင်းက Play Off အဆင့်မှာ အက်ခ်ကလန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဂျပန်ကလပ် အူရာဝါအသင်းကို အနိုင်ရထားတဲ့အသင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲတုန်းက ရီးယဲလ်အသင်းဟာ ဂျပန်ကလပ် ကာရှီမာအန်တလာအသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူးစီရော်နယ်ဒိုလည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုကို ရခဲ့ပါတယ်။

FIFA Club World Cup ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းက ဘာစီလိုနာအသင်းဖြစ်ပြီး ချန်ပီယံဆု ၃ ကြိမ် ရရှိထားပါတယ်။ ရီးယဲလ်အသင်းကတော့ ၂ ကြိမ်သာ ချန်ပီယံဖြစ်ထားပြီး ဒီနှစ်မှာ ချန်ပီယံဖြစ်ခဲ့ရင် ဘာစီလိုနာရဲ့စံချိန်ကိုလိုက်မီသွားမှာ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ အယ်လ်ဂျားဇီးယားအသင်းနဲ့လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly