ဒါရိုက်တာ ၀ိုင်း ၏ 3 Girls ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၁၅ရက်တွင် ရုံတင် ပြသမည်

ဒါရိုက်တာ ၀ိုင်း ၏ 3 Girls ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၁၅ရက်တွင် ရုံတင် ပြသမည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ။                ။ ထားဝယ် ထုတ်လုပ်ရေးမှ စီစဉ်ပြီး စာရေးဆရာမ လွန်းထားထား ၏ ၀တ္ထုကို ဒါရိုက်တာဝိုင်းက ရုပ်ရှင် ဇာတ်ကား အဖြစ် အသက်သွင်း ပုံဖော် ရိုက်ကူးထားသည့် 3 Girls ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ များတွင် စတင်ပြသသွားတော့မည် ဖြစ်သည်။

3 Girls ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီဇင်ဘာ ၁၀ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒါရိုက်တာ ၊ ပါ၀င်သရုပ်ဆောင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

3 Girls ရုပ်ရှင်ဇာတ်ကား သည် စာရေးဆရာမ လွန်းထားထား ၏ တိတ်ဆိတ်နက်ရှိုင်းသောသက်သေ ၀တ္ထု ကို ဒါရိုက်တာ ၀ိုင်းမှ 3 Girls အမည်ဖြင့် ပြန်လည် ရိုက်ကူးခြင်း ဖြစ်ပြီး ၀တ္ထု လွန်းထားထား ၊ ဇာတ်ညွှန်း နေနော် ၊ ဒါရိုက်တာ ၀ိုင်း နှင့် သရုပ်ဆောင်များ အဖြစ် အလင်းရောင် ၊ ဖွေးဖွေး ၊ အိချောပို ၊ ပိုင်ဖြိုးသု တို့က အဓိက ပါ၀င် သရုပ်ဆောင် ထားကြသည်။

ထို ရုပ်ရှင်ဇာတ်ကားတွင် ကြည်ညို အဖြစ် အလင်းရောင် မှ သရုပ်ဆောင် ထားကာ ၊ ခေါင်ပွင့် အဖြစ် ဖွေးဖွေး ၊ မိုးစက်ချို အဖြစ် အိချောပို ၊ ရွှေရုပ်သွင် အဖြစ် ပိုင်ဖြိုးသု မှ သရုပ်ဆောင် ထားကာ ဖွေးဖွေး၊ အိချောပို နှင့် ပိုင်ဖြိုးသုတို့ သုံးယောက်၏ အပြိုင်သရုပ်ဆောင်မှုများကို ကြည့်ရှုရမည် ဖြစ်သည်။

ပရိသတ်တွေအတွက် ထူးခြားသော ဇာတ်အိမ်တစ်ခုနဲ့ဖန်တီးထားတဲ့ 3 Girls ရုပ်ရှင်ဇာတ်ကား သည် အချစ်သရဲ ဇာတ်လမ်း တစ်ပုဒ် ဖြစ်ကာ ထူးခြားသည့် ဇာတ်အိမ်တစ်ခုအဖြစ် ဒါရိုက်တာက ပုံဖော် ထားပြီး ဇာတ်ကား နမူနာကြည့်ရှုသူ အရေအတွက် ၂ သန်းကျော်ရှိခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly