မြောင်းမြ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ပိတ်ဆို့ရှာဖွေနေ

မြောင်းမြ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ပိတ်ဆို့ရှာဖွေနေ
အခင်းဖြစ်ပွားရာအိမ်။ ဓာတ်ပုံ-ဧရာဝတီတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၁၁ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူအား ပိုက်စိပ်တိုက် ပိတ်ဆို့ရှာဖွေနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် မဇ္စျိမသို့ ပြော သည်။

“ ကျွန်တော်တို့ တရားခံဖမ်းဆီးရမိရေးအတွက်ကတော့ ခရိုင်မှူးတို့၊ မြို့နယ်မှူးတို့ အနီးကပ်အဖွဲ့တွေနဲ့ တိုင်းရုံး က ရဲတပ်ဖွဲ့မှူးကိုယ်တိုင် မြောင်းမြမှာ သွားထိုင်ပြီးတော့ ပိုက်စိပ်တိုက် ပိတ်ဆို့ရှာဖွေမှု တွေလုပ်နေပါတယ်။ တရားခံကတော့ ဖြစ်ဖြစ်ချင်း လပွတ္တာနဲ့ အဲ့ဒီနယ်ဘက်ကို ထွက်ပြေးသွားလို့ ကျွန်တော်တို့ ဒီလမ်းကြောင်းတွေ ပိတ် ဆို့ပြီး ရှာဖွေနေပါတယ်။ ရက်ပိုင်းအတွင်းတော့ မိမှာပါ ”ဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

 အဆိုပါ သုံးလောင်းပြိုင်လူသတ်မှုမှာ ဒီဇင်ဘာလ ၁ဝ ရက်နေ့၊ ည ၉ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိသားစုစကားများရာမှာ ဓားဖြင့်ခုတ်ခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။

“ ဖြစ်တာက လင်မယားချင်းစကားများရာကနေ ယောက္ခမကိုပါ ဓားနဲ့ထိုးလိုက်တာ။ မြောင်းမြမြို့ကနေပြီးတော့ ရ မိုင်လောက် ဝေးတဲ့ တောင်ကလေးကျေးရွာမှာပေ့ါ။ မနေ့ညနေ ၉ နာရီခွဲလောက်က။ သေသွားတာက မတင် တင်စန်းပေါ့။ နောက်ပြီး မတင်တင်စန်းရဲ့ အမေပေါ့။ နောက်တစ်ယောက်က လင်းလင်းထိုက်ပေါ့။ နောက် မစန္ဒာဦးကတော့ ဓားခုတ်ဒဏ်ရာတွေရရှိခဲ့တာပေါ့။ သူတို့အိမ်မှာ ကွမ်းရွေးနေရင်းနဲ့ စကားများရာကနေ ဓားနဲ့ ခုတ်တာပေါ့”ဟု အခင်းဖြစ်စဉ်ကို ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

လက်ရှိတွင် တရားခံဟု စွပ်စွဲခံထားရသူ မတင်တင်စန်း၏ ယောကျင်္ား သန်းဇော်ဆိုသူမှာ ထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာ အမြန်ဆုံးဖမ်းဆီးနိုင်ရန် ပိုက်စိတ်တိုက် ပိတ်ဆို့ရှာ ဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly