ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.
Lemongrass (စပါးလင်)
Generic Name: Lemongrass (စပါးလင်)
အသုံးပြုပုံများ
စပါးလင် ကို ဘာအတွက်အသုံးပြုကြသလဲ
စပါးလင်ကို အစာအိမ် အောင့်ခြင်း၊ သွေးတိုးခြင်း၊ တက်ခြင်း၊ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်များ နာကျင်ခြင်း (လေးဘက်နာ)၊ အဖျားတက်ခြင်း၊ အအေးမိခြင်းနှင့် အားအင်ကုန်ခန်းခြင်းတို့ သက်သာစေရန်အတွက် အသုံးပြုပါတယ်။ ပိုးသတ်ခြင်းနှင့် သွေးတိတ်စေခြင်းတို့တွင်လည်း အသုံးပြုပါသေးတယ်။
အချို့သူတို့က ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့့်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့အတွက် စပါးလင်နှင့်စပါးလင်ဆီကို လိမ်းကြပါတယ်။
စပါးလင်ဆီကို ကြွက်သားနာကျင်ခြင်းတို့အတွက် ရှုဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
အရေပြားပေါ်တွင် အသုံးပြုမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်၊ သဲဝဲ၊ ပြတ်ရှရာများ၊ အရွတ်ရောင်၊ အဆစ်လွွဲ၊ အဆစ်နာခြင်း တို့ကို သက်သာစေပါတယ်။
စပါးလင်ကဘယ်လိုအလုပ်လုပ်လဲ
စပါးလင်မှာ ဘက်တီးရီးယားနှင့် မှိုတို့ ပွားများခြင်းကို ဟန့်တားပေးသော၊ အနာသက်သာစေသော၊ အဖျားကျစေသော၊ သားအိမ်ကို လှုံ့ဆော်ပေးသော၊ ရာသီသွေးမှန်စေသော၊ ဓာတ်တိုးဆန့်ကျင်ပေးသော ဒြပ်ပစ္စည်းများ ပါ၀င်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
စပါးလင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါတို့ ဖြစ်လာပါက ဆရာဝန်၊ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။
- ကိုယ်ဝန်ရှိခြင်း ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေခြင်း။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရှိနေစဉ် ဒါမှမဟုတ် နို့တိုက်နေစဉ်အတွင်းမှာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကိုသာ သောက်သုံးသင့်လို့ပါ။
- အခြားသော ဆေးဝါးများ သောက်သုံးနေခြင်း။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်မယ့် ဆေးဝါးတွေအကုန် ပါ၀င်ပါတယ်။
- စပါးလင် မှာပါသော ပစ္စည်းများ၊ အခြားသော ဆေးဝါးများဖြင့် ဓာတ်မတည့်ခြင်း
- အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိမယ်ဆိုရင် စပါးလင်ကို မည်သည့်ပုံစံနှင့်မျှ အသုံးမပြုသင့်ပါဘူး။
- စပါးလင်နှင့် ဓာတ်မတည့်ဘူးဆိုရင်တော့ စပါးလင်၊ စပါးလင်အဆီနှင့် စပါးလင်ဖြင့် ထိတွေ့ထားသော မည့်သည့်ပစ္စည်းများကိုမျှ မထိကိုင်သင့်ပါ။
- အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံဆေးနှင့် တိရိစ္ဆာန်တို့ဖြင့် ဓာတ်မတည့်ခြင်းကဲ့သို့သော အခြား ဓါတ်မတည့်မှုများရှိနေခြင်း
ဆေးဖက်ဝင်အပင်၊ဖြည့်စွက်ဆေးများအတွက် လိုက်နာရမည့် စည်းကမ်းများသည် ဓာတုဆေးဝါးများလောက် မတင်းကြပ်ပါ။ ဘေးကင်းစိတ်ချရမှုအတွက််တော့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါဦးမယ်။ ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများဖို့လိုအပ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။
စပါးလင် က ဘယ်လောက်စိတ်ချရလဲ
စပါးလင်ဆီကို အသုံးပြုတဲ့ အခါမှာ သတိထားသင့်ပါတယ်။ မျက်လုံးထဲ မဝင်ပါစေနှင့်။ အဖုအပိမ့်တွေ ထွက်လာမယ်ဆိုရင် အသုံးပြုပုံကို ပြောင်းရင်ပြောင်း မပြောင်းရင် ရပ်တန့်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက်
စပါးလင်ကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သောက်ဆေးအဖြစ်အသုံးပြုခြင်းက စိတ်မချရပါဘူး။ ယင်းက ရာသီသွေးဆင်းစေသောကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနှင့် နို့တိုက်နေစဉ်အတွင်းမှာ စပါးလင်သောက်သုံးမယ်ဆိုရင် ဘေးကင်းလားမကင်းဘူးလားဆိုတာ လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါဘူး။ ဘေးကင်းစွာနေထိုင်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
ဘေးထွက်ဆိုးကျိုးများ
စပါးလင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
စပါးလင်ကို သင့်တော်တဲ့ ပမာဏနဲ့ အသုံးပြုမယ်ဆိုရင်တော့ လူအများစုအတွက် ဘေးကင်းပါတယ်။ ရေတိုသုံးမယ်ဆိုရင်တော့ ဘေးကင်းမယ်လို့ ယူဆရပါတယ်။
စပါးလင်အဆီနဲ့ ဓာတ်မတည့်သောသူတို့အတွက်ကတော့ အရေပြားယားယံခြင်း၊ နေမထိထိုင်မသာ ဖြစ်ခြင်း၊ အဖုအပိမ့်များထွက်ခြင်းနှင့် မီးနဲ့ ထိုးသကဲ့သို့ နာကျင်ခြင်းများ ခံစားရနိုင်ပါတယ်။ စပါးလင်ဆီက သွေးတွင်း သကြားဓာတ် ကျဆင်းစေပါတယ်။ ဆီချိုကျဆေး၊ သွေးပေါင်ကျဆေး သောက်သောသူများ့နှင့် ဆီးချိုသွေးချို၊ သွေးတွင်း သကြားဓာတ် ကျဆင်းတတ်သော သူများ အသုံးမပြုသင့်ပါ။
လူတိုင်းတော့ ယင်းဆိုးကျိုးတွေ မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသောဆိုးကျိုးများလည်း ရှိပါသေးတယ်။ ဆိုးကျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓာတ်ပြုမှုများ
စပါးလင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ
စပါးလင်နဲ့ ပတ်သတ်ပြီး အခြားဆေးတွေ၊ဖြည့်စွက်စာတွေနဲ့ သက်ရောက်မှုတွေဟာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒါပေမဲ့ လက်ရှိသောက်သုံးနေသောဆေးဝါးတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့တော့ သက်ရောက်မှုရှိနိုင်ပါတယ်။ အသုံးမပြုခင်မှာ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
စပါးလင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ဆေးရည်အား စပါးလင်အခြောက်များကို သို့မဟုတ် အဆီကို ရေဖျော်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အခြားအဆီအမျိုးအစားများ မှလည်း ပြုလုပ်နိုင်ပါသေးတယ်။
စပါးလင် ၂ ဂရမ် ကို ရေဆူဆူ တစ်ခွက်ဖြင့် လက်ဖက်ရည် လုပ်သောက်နိုင်ပါတယ်။ လူကြီးများအတွက် တစ်ရက်ကို လေးကြိမ်အထိ သောက်သုံးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်များသောသူတို့တွင် ပုံမှန်သွေးတွင်းသကြားဓာတ်ကို ထိန်သိမ်းနိုင်ရန်အတွက် တစ်ရက်ကို ၈၀ မီလီဂရမ်် အထိ စပါးလင်အခြောက်များကို အခြားဆေးပင်များနှင့် တွဲသုံးနို်င်ပါတယ်။
အသုံးပြုရမည့် စပါးလင် ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ စပါးလင် သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။
စပါးလင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
စပါးလင်ဆေးဟာ အောက်ပါပုံစံတွေနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။
- စပါးလင်ဆီ
- စပါးလင် လက်ဖက်ရည်
- စပါးလင် အခြောက်များ