ဘောလုံးသမိုင်းတွင် ၄င်းသည် ထာဝရအကောင်းဆုံးဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒို ပြော

ဘောလုံးသမိုင်းတွင် ၄င်းသည် ထာဝရအကောင်းဆုံးဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒို ပြော

မက်ဒရစ်၊ ဒီဇင်ဘာ ၁၂ ။                ။ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုက ပြီးခဲ့သည့်ကြာသပတေးနေ့က Ballon d'Orဆုကို ရရှိပြီးနောက် ကမ္ဘာ့ဘောလုံးသမိုင်းတွင် ၄င်းမှာ အကောင်းဆုံး ကစားသမားဖြစ်သည်ဟု ကြံုးဝါးပြောဆိုသွားခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြင်သစ်မဂ္ဂဇင်းကပေးအပ်သော Ballon d'Or ဆုကို ၂၀ဝ၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ ခုနှစ်တို့တွင်လည်း ရရှိခဲ့ဖူးရာ ယခုတစ်ကြိမ်မှာ ၄င်းအတွက် (၅)ကြိမ်မြောက် ရရှိ ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စီရော်နယ်ဒိုမှာ Ballon d'Orဆုကို အများဆုံးရရှိထားသော မက်ဆီ၏ စံချိန်ကို လိုက်မီသွားခဲ့ခြင်းလည်း ဖြစ်သည်။ စီရော်နယ်ဒိုသည် ကစားသမားဘဝတွင် Ballon d'O ဆုကို (၅)ကြိမ်၊ The Bset ဆုကို (၂)ကြိမ်၊ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို (၄)ကြိမ်၊ ဥရောပရွှေဖိနပ်ဆုကို (၄)ကြိမ်အထိ ရရှိခဲ့သည်။

ဆုပေးပွဲအပြီး အဆိုပါပြင်သစ်မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် စီရော်နယ်ဒိုက ''ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကျွန်တော်ဟာ အကောင်းဆုံးကစားသမားပါ။ ကျွန်တော့်ထက် ပိုပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ကိုမှ မမြင်ဖူးပါဘူး။ ကျွန်တော်ရရှိ ခဲ့တဲ့ ဆုဖလားတွေ၊ အောင်မြင်မှုတွေကို ရယူနိုင်မယ့် ကစားသမား မရှိသေးပါဘူး။ ကျွန်တော့်ထက် ပိုပြီးကောင်းတဲ့ ကစားသမားမရှိတော့ဘူးလို့ ယုံကြည်ပါတယ်''ဟု ပြောကြားသွားခဲ့သည်။ စီရော်နယ်ဒိုကို ပီလီ၊ ရော်နယ်ဒိုစသည့် ဂန္ထဝင်ကစား သမားများကလည်း ချီးကျူးခဲ့ကြသည်။

ရည်ညွှန်း - အေအက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly