တရုတ်ရေအားလျှပ်စစ်စီမံကိန်းများကို NLD ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာ

တရုတ်ရေအားလျှပ်စစ်စီမံကိန်းများကို NLD ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာ

ပေကျင်း ဒီဇင်ဘာ၁၀ ။             ။ တရုတ်နိုင်ငံအစိုးရပိုင်State Power Investment Corporation ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှုး ဦးအေးကြူ (မုံရွာအောင်ရှင်) ခေါင်းဆောင်သော ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ တရုတ်နိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများသို့ သွားရောက် လေ့လာခဲ့ကြသည်။

တရုတ်နိုင်ငံရှိ ရေအားလျပ်စစ်လုပ်ငန်းများ ၊ ခေတ်မီနည်းစနစ်များနှင့် ဆောင်ရွက်နေပုံ ၊ ရေလှောင်တာတမံများနှင့် ရေအရင်းအမြစ်ထိန်းသိမ်းပုံနည်းစနစ်များကို သွားရောက်လေ့လာသည်ဟု မဇ္စျိမ၏ သတင်းအရင်းအဖြစ်တစ်ခုကပြောသည် ။

ရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး “ ကျွန်တော်တို့ ဟာ ဒီမိုကရေစီအစိုးရဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့သဘောကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုလိုအပ်ပါတယ် ။ အဲဒီတော့ ကျွန်တော်တို့ဟာ ကိုယ်လိုချင်တဲ့ကိစ္စအတွက် ပြည်သူလူထုထောက်ခံမှုရအောင်တော့ ကျွန်တော်တို့အများကြီး စည်းရုံးပြီးတော့ လုပ်ကြရပါလိမ့်မယ် “ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးအေးကြူ ကတရုတ်နိုင်ငံ State Power Investment Corporationမှ တာဝန်ရှိသူများကိုပြော သည် ။

ထိုသို့သွားရောက်လေ့လာရာတွင် တရုတ်နိုင်ငံ၏ နာမည်ကျော် ယမ်စီမြစ်ပေါ် တွင် တည်ဆောက်ထားသော မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့လည်း သွားရောက်လေ့လာခဲ့ကြောင်းလည်း သိရသည် ။

အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းသမားများ ပါ၀င်သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly