ဗဟိုဘဏ်မှ သတင်းအချက်အလက်များ MRTV တွင် တစ်နေ့လေးကြိမ် ထုတ်လွှင့်ရန် စီစဉ်

ဗဟိုဘဏ်မှ သတင်းအချက်အလက်များ MRTV တွင် တစ်နေ့လေးကြိမ် ထုတ်လွှင့်ရန် စီစဉ်

နေပြည်တော်၊ သြဂုတ် ၂၀ ။          ။ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ သတင်းအချက်အလက် များကိုမြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တနေ့လျင်လေးကြိမ် ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်သွားမည် ဟုပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကပြောကြားသည်။

ဝန်ကြီးက သြဂုတ် ၂၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ပြောကြားခဲ့ခြင်းဖြစ်ပြီး `` လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ  ငွေလဲလှယ်ဈေးနှုန်းများကို အချိန်နဲ့ တပြေးညီ သိရှိရန် လိုအပ်တယ်လို့ သုံးသပ်မိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဗဟိုဘဏ်က သတင်းအချက်များကို တစ်နေ့ လေး ကြိမ်ထုတ်လွှင့်ဖို့ စီစဉ် ဆောင်ရွက် သွားပါမည် ´´  ဟု ဖြေကြားသည်။

ကရင်ပြည်နယ် မြဝတီမဲဆန္ဒနယ် မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦး မေးမြန်းသည့်မြန်မာ့ငွေဈေးနှုန်းသည် အိမ်နီးချင်းနိုငံများ အမေရိကန် ဒေါ်လာများနှင့် နှိုင်းယှဉ်ပါက မည်မျှ တန်ဖိုး ကျသင့်
နေ ကြောင်းကို နေ့စဉ် မီဒီယာများမှ ပြောကြားပေးပါရန် နှင့် အလားအလာ များကို တွက်ဆပြီး သတင်းထုတ်ပြန် ပေးနိုင်ပါရန် အစီအစဉ်အစဉ် ရှိ မရှိ  သိရှိလိုပါကြောင်းနှင့်  မြန်မာကုန်သည်များအတွက် စီးပွားရေးဆိုင်ရာ အချက်အလက်များ မကြာခဏ အထူးအစီအစဉ်အနေဖြင့် ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုတွင် ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဝန်ကြီးက `` ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားတဲ့ အလားအလာတွက်ဆမှု များကို နိုင်ငံပိုင် မီဒီယာများမှာ ဖော်ပြပေးမည်ဆိုလျင် မလိုလားအပ်တဲ့ သတင်းထွက်မှုများ ရှိနေနိုင်သည့် အတွက်ကြောင့်မို့ လောလောဆယ် ဆောင်ရွက်ရန် မသင့်သေး ´´ ဟု လည်း ဖြေကြားခဲ့သည်။

ဗဟိုဘဏ်၏  သတင်းအချက်အလက်များကို  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် နေ့လည် ၁၁ နာရီ၊နေ့လည် ၁ နာရီ ၊ ညနေ ၄ နရီ ၊ ညနေ ၆ နာရီ အချိန်များ တွင် တနေ့ လျင် ၄ ကြိမ် ထုတ်လွှင့်ဖို့ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly