ဗီယက်နမ်ကွန်မြူနစ် ပေါလစ်ဗျူရိုအဖွဲ့ဝင်ဟောင်းအား ဘဏ္ဍာငွေအလွဲသုံးမှုဖြင့် ဖမ်းဆီး

ဗီယက်နမ်ကွန်မြူနစ် ပေါလစ်ဗျူရိုအဖွဲ့ဝင်ဟောင်းအား ဘဏ္ဍာငွေအလွဲသုံးမှုဖြင့် ဖမ်းဆီး

ဟနွိုင်း၊ ဒီဇင်ဘာ ၉ ။                ။ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးဖြစ်သည့် PetroVietnam တွင် အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့စဉ်က ဘဏ္ဍာငွေကြေး အလွဲသုံးသည်
စွပ်စွဲချက်ဖြင့် ကွန်မြူနစ်ပေါလစ်ဗျူရိုအဖွဲ့ဝင်ဟောင်းတစ်ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံပိုင်သတင်းက ဒီဇင်ဘာ ၈ ရက်တွင် ဖော်ပြသည်။

ပေါလစ်ဗျူရိုအဖွဲ့ဝင်ဟောင်းကို ဒင်လာထန်းဆိုသူကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဗီယက်နမ်နယူးစ်အေဂျင်စီက ဖော်ပြခြင်းဖြစ်ကာ ကွန်မြူနစ်ပါတီအတွင်းစည်း ဦးဆောင်အဖွဲ့ဝင်တစ်ဦး ရှားတောင့်ရှားခဲ လူသိရှင်ကြား ဖမ်းဆီးခံရမှုလည်း ဖြစ်သည်။

ဟနွိုင်းက နေအိမ်တွ်င ထန်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲအချုပ်ဖြင့် ထားရှိကြောင်း အမည်မဖော်သည့် သတင်းရင်းမြစ်က အေအက်ဖ်ပီသို့ အတည်ပြုသည်။

သမ္မတနှင့် ဝန်ကြီးချုပ်များပါ ပါဝင်သည့် အစိုးရထိပ်တန်းအရာရှိကြီးများ ပေါလစ်ဗျူရိုအဖွဲ့ဝင်မှ အသက် ၅၇ နှစ်ရှိ ထန်းအား မေလအတွင်းက ရုတ်တရက် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

တရုတ်တွင် အကျင့်ပျက်ခြစားမှုများကို အထူးနှိမ်နင်းနေခြင်း၏ ရိုက်ခတ်မှုအဖြစ် ကွန်မြူနစ် ဗီယက်နမ်တွင်လည်း နိုင်ငံပိုင် လုပ်ငန်းများတွင် အကျင့်ပျက်ခြစားခြင်းနှင့် အရည်အချင်း မပြည့်မီခြင်းများဖြင့် ထိပ်တန်းအရာရှိတစ်ချို့ကို တရားစွဲဆိုခြင်းများ ရှိလာနေသည်။

ထန်းသည် ပေါလစ်ဗျူရိုအဖွဲ့ဝင်မဖြစ်ခင် ၂၀၀၆ မှ ၂၀၁၁ အထိ PetroVietnamတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းအနေဖြင့် ကုန်လွန်ခဲ့သည့် နှစ်များအတွင်း   အပြစ်ပေးခံရဖွယ်ရှိသည့်  ပထမဆုံး အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်လာနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly