အစ္စရေးလေကြောင်းထိုးစစ်အတွင်း သေဆုံးသည့် ဟားမတ်စ်အဖွဲ့ဝင်၏ အသုဘအား ပါလက်စတိုင်း ရာပေါင်းများစွာ ပို့ဆောင်

အစ္စရေးလေကြောင်းထိုးစစ်အတွင်း သေဆုံးသည့် ဟားမတ်စ်အဖွဲ့ဝင်၏ အသုဘအား ပါလက်စတိုင်း ရာပေါင်းများစွာ ပို့ဆောင်

ဂျေရုဆလင်၊ ဒီဇင်ဘာ ၉ ။             ။ အစ္စရေး၏ လေကြောင်းထိုးစစ်အတွင်း သေဆုံးသော ဟားမတ်စ်အဖွဲ့ဝင်၏ အသုဘတွင် ဒီဇင်ဘာ ၉ ရက်က ဂါဇာက လမ်းများတစ်လျှောက် ပါလက်စတိုင်း ရာပေါင်းများစွာက ဝမ်းနည်းပူဆွေးစွာ ပို့ဆောင်ကြသည်။

ဒုံးကျည်တိုက်ခိုက်ခံရ၍ တုံ့ပြန်ကာ လေကြောင်းတို်က်ခိုက်သည့် အစ္စရေး၏ ထိုးစစ်အတွင်း ဟားမတ်စ်နှစ်ဦး သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရကြောင်း ဂါဇာရှိ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့်ရက်က ဒုံးကျည်တိုက်ခိုက်ခ့ရသည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဒီဇင်ဘာ ၉ ရက်အစောပိုင်းတွင် ဟားမတ်စ်ပစ်မှတ်များကို အသင့်ချိန်ထားပြီဖြစ်ကြောင်း အစ္စရေးစစ်ပတ်က ပြောသည်။

ဟားမတ်စ်စစ်လက်နက်ဂိုထောင်နှင့် လက်နက်ထုတ်လုပ်ရာ စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်းလည်း ထပ်လောင်းဆိုသည်။ အဖွဲ့ဝင် နှစ်ဦး သေဆုံးရုပ်အလောင်းကို ရှာဖွေတွေ့ရှိကြောင်း ဟားမတ်စ်တို့က ပြောသည်။

အခြားလက်နက်ကိုင်အုပ်စုများပါ ခြေကုပ်ရှိနေသည့် ဂါဇာမှနေကာ ပစ်လွှတ်တိုက်ခိုက်သည့် ဒုံးကျည်တို်က်ခိုက်မှုများ၏ လက်သည်မှာ ဟားမတ်စ်အဖြစ်သည်ဟု အစ္စရေးက ကောက်ချက်ချထားသည်။

ဂျေရုဆလင်အား အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုလိုက်ပြီးနောက်တွင် တင်းမာမှုများ ဆိုးဝါးနေခဲ့ပြီး အနောက်ဖက်ကမ်း နေရာများစွာနှင့် ဂါဇာနယ်စပ်တစ်လျှောက် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly