ပိုက်ဆံတောင်းမရတဲ့အတွက် အမေရင်းကို ခေါင်းဖြတ်သတ်ခဲ့တဲ့ တရုတ်နိုင်ငံက ၁၃ နှစ်သား ကလေးငယ်

ပိုက်ဆံတောင်းမရတဲ့အတွက် အမေရင်းကို ခေါင်းဖြတ်သတ်ခဲ့တဲ့ တရုတ်နိုင်ငံက ၁၃ နှစ်သား ကလေးငယ်

 

ဒီဇင်ဘာ ၉ ။            ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦးက ၎င်းရဲ့ မိခင်ဖြစ်သူကို သတ်ပြီး ခေါင်းဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ၁၃ နှစ်သား ယောကျ်ားလေးဟာ မိခင်ဖြစ်သူကို ခေါင်းဖြတ်ပြီး ကျောင်းကိုတောင် အေးအေးဆေးဆေး သွားခဲ့သေးတယ်လို့ သိရပါတယ်။ ၎င်းဟာ မိခင်ဖြစ်သူရဲ့ ခေါင်းပြတ်ကို  ရေပုံးထဲ ထည့်ကာ အိမ်ရှေ့ ရေမြောင်းထဲ သွားပစ်ချထားခဲ့တယ်လို့လည်း ဆိုပါတယ်။

ယင်းအပြင် ၎င်းဟာ မိခင်ဖြစ်သူကို ခေါင်းဖြတ်နေတာကို ဗီဒီယိုရိုက်ကူးပြီး WeChat ကနေတဆင့် သူငယ်ချင်းတွေဆီတောင် ပေးပို့ခဲ့သေးတယ်လို့ ဆိုပါတယ်။ ၎င်းရဲ့ သူငယ်ချင်းတစ်ဦးက ဗီဒီယိုကလစ်ကို မိဘတွေဆီ ပြခဲ့ရာကနေ ရဲတွေဆီ အကြောင်းကြားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကတော့ စီချွန်ပြည်နယ် ၀မ်ရှင်းမြို့မှာ ဒီဇင်ဘာလ ၃ ရက်က ဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ်။

လူသတ်မှုကျူးလွန်ခဲဲ့တဲ့ ယွမ် သုန်ကျီ ဆိုသူ ကောင်လေးဟာ မိခင်ဖြစ်သူဆီကနေ ပိုက်ဆံတောင်းလို့မရခဲ့အတွက် စိတ်ဆိုးပြီး ယခုလို သတ်ပြီး ခေါင်းဖြတ်ပစ်ခဲ့တာဖြစ်ကြောင်းလည်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

၎င်း  ၁၃ နှစ်သားဟာ ညပိုင်းမှာ ခေါင်းပြတ်သေဆုံးနေတဲ့ မိခင်ဖြစ်သူရဲ့ အလောင်းဘေးမှာတောင် အတူအိမ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ရဲတွေက ဖြစ်စဉ်ကို သိရှိပြီးနောက် ယွမ်ကို  ကျောင်းအထိ လိုက်သွားပြီး ဖမ်းဆီးခဲ့ရတယ်လို့လည်း သိရပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags