ကတ်ရှ်မီးယား အပစ်ရပ်ချိုးဖောက် သည့်အတွက် အိန္ဒိယသံတမန်ကို ပါကစ္စတန်ဆင့်ခေါ်

ကတ်ရှ်မီးယား အပစ်ရပ်ချိုးဖောက် သည့်အတွက် အိန္ဒိယသံတမန်ကို ပါကစ္စတန်ဆင့်ခေါ်

အငြင်းပွားနယ် ကတ်ရှ်မီးယားရှိ ဟိမဝန္တာဒေသတွင် မကြာသေးမီက အပစ်ရပ်သဘောတူညီမှုကို အိန္ဒိယဖက်က ချိုးဖောက်ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ခြင်းအတွက် အကြီးတန်း သံတမန်ဖြစ် သူကို ပါကစ္စတန်က ဆင့်ခေါ်လိုက်သည်။

အိန္ဒိယနိုင်ငံ၏ ယခုကဲ့သို့ ချိုးဖောက်ခြင်းအပေါ် စိုးရိမ်ကြောင်း အိန္ဒိယလက်ထောက်မဟာမင်းကြီး ဂျေပီဆင်းချ်ကို ပါကစ္စတန်ဖက်က အသိပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးထုတ်ပြန်ချက်တွင် သြဂုတ် ၁၉ ရက်က ဖော်ပြသည်။

”အိန္ဒိယက ယခုလိုချိုးဖောက်ခြင်းများကို ချက်ချင်းရပ်ပစ်ရန်နှင့် ၂၀၀၃ ခုနှစ် အပစ်ရပ်နားလည်မှုကို စောင့်ထိန်းရန် ပါကစ္စတန်က တိုက်တွန်းကြောင်း” ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိန္ဒိယစစ်တပ်ဖက်က နယ်စပ်တွင် ဗုံးထောင်ခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နောက်သီးခြားဖြစ်ရပ်တွင် အိန္ဒိယလုံခြုံရေးတပ်များက ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးကာလေးဦး ဒဏ်ရာများရရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly