ရခိုင်​ပြည်​နယ်​​နေ့အခမ်းအနားတွင်​ မျက်​လှည်​့ပညာရှင်​ မစ္စတာ​တော့ပ်​ ၏ မျက်​လှည်​့ပြပွဲ ဖျော်​​ဖြေမည်​

ရခိုင်​ပြည်​နယ်​​နေ့အခမ်းအနားတွင်​ မျက်​လှည်​့ပညာရှင်​ မစ္စတာ​တော့ပ်​ ၏ မျက်​လှည်​့ပြပွဲ ဖျော်​​ဖြေမည်​

 

စစ်တွေ၊ ဒီဇင်ဘာ ၉ ရက်။                      ။  ဒီဇင်​ဘာလ ၁၅ ရက်​​နေ့တွင်​ ကျ​ရောက်​သည်​့ ၄၃ ကြိမ်​​မြောက်​်​ ရခိုင်​ပြည်​နယ်​​နေ့ အခမ်​းအနားတွင်​ ကမ္ဘာ့အဆင်​့မီ မျက်​လှည်​့ပြပွဲကို ထည်​့သွင်​း​ဖျော်​​ဖြေမည်​ ဖြစ်​ပြီး  နှင်​့ သူ၏ သားဖြစ်​သူ ဟယ်​ရီတို့က ဦး​ဆောင်​မည်​လည်​း ဖြစ်​သည်​။

ယခင်နှစ်များက ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးရာ ဝတ်စား ဆင်ယင်ပြိုင်ပွဲနှင့် စတိတ်ရှိုးပွဲ များကိုသာ ကျင်းပခဲ့ခြင်​းဖြစ်​ပြီး မျက်​လှည်​့​ဖျော်​​ဖြေမှု ထည်​့သွင်းခြင်​းမှာ ပထမဦးဆုံး အကြိမ်​ဖြစ်​သည်​။

ရခိုင်​ပြည်​နယ်​အစိုးရ၏ ဖိတ်​​ခေါ်ချက်​ဖြင်​့ စစ်​​တွေမြို့တွင်​ လာ​ရောက်​​ ​ဖျော်​​ဖြေမည်​့ မျက်​လှည်​့ ပညာရှင်​ မစ္စတာ​တော့ပ်​၏ ​ဖျော်​​ဖြေမှုကို ကြည်​့ရှုရန်​ ​ဒေသခံများအ​နေနှင်​့လည်​း စိတ်​ဝင်​စားမှု မြင်​့တက်​လျက်​ရှိသည်​ဟု စစ်တွေဒေသခံတစ်ဦး ဖြစ်သူ ကိုအောင် ပိုင်စိုးက ပြောသည်။

ယခုကျရောက်မည့် ၄၃ ကြိမ်​​မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ကမ္ဘာ့အဆင့်မီ မျက်လှည့်ပြိုင်ပွဲ အပါအဝင်​ စတိတ်ရှိုးပွဲများကို စစ်တွေမြို့ရှိ ဓညဝတီအား ကစားကွင်းတွင် လည်းကောင်း၊ ရခိုင်ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲကို စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ လည်း​ကောင်း၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ဝင်္ကဘာကွင်းတွင် လည်းကောင်း ထည်​့သွင်​း ​ဖျော်​​ဖြေသွားမည်​ဟု ပြည်​နယ်​အစိုးရက သတင်​းထုတ်​ပြန်​ထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly