လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုသင့်၊ မသင့် လွှတ်တော်အမတ် ၁၅ဦး ဆွေးနွေးမည်

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုသင့်၊ မသင့် လွှတ်တော်အမတ် ၁၅ဦး ဆွေးနွေးမည်

ရွေးကောက်ခံလွှတ်တော်အမတ် တစ်ဦးဦးအား တာဝန်မှ ရုပ်သိမ်းရန် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်း လက်မှတ်ရေးထိုး တိုင်ကြားနိုင်သည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုသင့်၊ မသင့်ကို လာမည့် မိနစ်ပိုင်းအတွင်း ကျင်းပတော့မည့် ပြည်ထောင်စုလွှတ်တော်အစည်းအေးတွင် ဆွေးနွေးကြမည် ဖြစ်သည်။

ထူးခြားချက်အနေဖြင့် ဆွေးနွေးမည့် လွှတ်တော်အမတ် ၁၅ဦးအနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်ရိုက်ခန့်အပ်ထားသည့် ဗိုလ်မှူးချုပ်တင့်ဆန်းကပါ ဝင်ရောက်ဆွေးနွေးမည်ဖြစ်သည်။

ယင်းနောက် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေကြမ်းအတည်ပြုရန် ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်းဆုံးဖြတ်ပါက ဆိုင်းငံ့ထားမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်သင့်ကြောင်းဆုံးဖြတ်ပါက ဥပဒေကြမ်း ပါအချက်များအား ပြင်ဆင်လိုသည့်အမတ်များကို ဖိတ်ခေါ်မည်ဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၉၆)၊ ပုဒ်မခွဲ(ခ)တွင် ရွေးကောက်ခံလွှတ်တော်အမတ် တစ်ဦးဦးအား တာဝန်မှ ရုပ်သိမ်းရန် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်း လက်မှတ်ရေးထိုး တိုင်ကြားနိုင် သည်ဟု ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly