စစ်တွေမြို့ ဓါတ်ဆီသိုလှောင် ဂို​ဒေါင်​ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

စစ်တွေမြို့ ဓါတ်ဆီသိုလှောင် ဂို​ဒေါင်​ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

စစ်တွေ၊ ဒီဇင်ဘာလ ၈ ရက်။           ။ စစ်တွေမြို့ ရဲတပ်ရင်း အမှတ် (၁၂) ရှေ့တွင်ရှိသည်​့ ဓါတ်ဆီဆိုင်တန်းတွင် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီမိနစ် ၂၀ ခန့်က ဓါတ်ဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်​။

ယင်းဓါတ်ဆီဂိုဒေါင်တွင် လုပ်ကိုင်သူ ဦးမောင်သန်းက သိုလှောင်ထားသည့် ဆီဘုံးအဖုံးကို ချွတ်ရာကနေ အပူလွန်ကဲပြီး လျှော့ဖြစ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးအိမ်များကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း စစ်တွေမြို့ အမှတ် (၁) မြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ​ပြောသည်​။

 “မီးလောင်တုန်းမှာ ဂိုဒေါင်အတွင်းမှာ အလုပ်သမားတစ်ဦးရှိတယ်။ အဲဒီအလုပ်သမားကနေပြီး ဆီဂိုဒေါင်မှာ သိုလှောင်ထားတဲ့ ဆီတိုင်ဂီရဲ့ အဖုံးကိုပြုပြင်တဲ့အခါမှာ အဖုံးကနေပြီး အပူလွန်ပြီး လျှော့ဖြစ်ပြီးတော့ မီးလောင်သွားတာပါ။ အလုပ်သမားဦးမောင်သန်းကိုတော့ ဖမ်းဆီးပြီးတော့ စစ်ဆေးနေပါတယ်။” ဟု စစ်တွေမြို့ အမှတ် (၁) မြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ​ပြောသည်။

အဆိုပါမီးလောင်သွားသည့် ဓါတ်ဆီဂိုဒေါင်မှာ စစ်တွေမြို့ မိဇံရပ်ကွက်နေ ဒေါ်မသန်းရွှေ၏ ဂိုဒေါင်ဖြစ်ပြီး လက်ရှိမှာ ၎င်းဂိုဒေါင်ပိုင်ရှင်နှင့် တာဝန်ရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာက ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။ ယင်းမီးလောင်မှုမှာ Level 2 အဆင်​့ ရှိပြီး မီးသတ်ကား ၈ စီးခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည​နေ ၆ နာရီခွဲ အချိန်ခန်​့တွင် မီးငြိမ်းသွားခဲ့ပြီး မီးငြိမ်းသတ််နေစဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်သည်​ဟု စစ်​​တွေမြို့နယ်​ မီးသတ်​တပ်​ဖွဲ့က ဆိုသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly