ကယ်လီဖိုးနီးယား တောမီးကြောင့် လူသေဆုံးမှုများ ရှိလာ၊ ဒေသခံပေါင်း သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်

ကယ်လီဖိုးနီးယား တောမီးကြောင့် လူသေဆုံးမှုများ ရှိလာ၊ ဒေသခံပေါင်း သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်

ဒီဇင်ဘာ ၈ ။             ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် လောင်ကျွမ်းနေလျက်ရှိသော တောမီးများမှာ ဆက်လက်အရှိန်ကောင်းစွာ လောင်ကျွမ်းနေလျက်ရှိပြီး မီးသတ်သမားများအနေဖြင့်လည်း အသည်းအသန် ၀ိုင်းဝန်းကြိုးပမ်းငြှိမ်းသတ်နေရလျက် ရှိကြောင်း သိရသည်။

တောမီးများကြောင့် အမေရိကန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် လော့စ်အိန်ဂျလိစ်၏ အစွန်အဖျားရပ်ကွက်များနေ ဒေသခံများအပါအဝင် လူပေါင်း သိန်းနဲ့ချီ ဘေးလွတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ ဒေသတွင်လည်း လေတိုက်နှုန်းမှာ အဆမတန် အားကောင်း ပြင်းထန်နေလျက်ရှိခြင်းကြောင့် လောင်ကျွမ်းနေသည့် တောမီးများကို ပိုမို အားကောင်းစေလျက်ရှိသည်။

ယခုကဲ့သို့ တောမီးများ အရှိန်ပြင်းစွာ လောင်ကျွမ်းနေလျက်ရှိသော်လည်း ယခုအချိန်ထိ လူသေဆုံးမှု ဖြစ်စဉ် တစ်ခုကိုသာ တွေ့ရှိထားရကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

ပြီးခဲ့သည့် ညပိုင်းက မည်သူမည်ဝါမှန်း မသိရသော ရုပ်အလောင်းတစ်လောင်း ကို ရှာတွေ့ထားခဲ့ကြောင်း ဗန်တူရာ ကောင်တီ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် တင်မ် လိုမန်က ပြောသည်။

လော့စ်အိန်ဂျလိစ် နှင့် ဗန်တူရာ ကောင်တီတို့တွင် ပြန့်နှံ့လောင်ကျွမ်းနေသည့် တောမီးများကို  မီးသတ်လေယာဉ်များ၊ ဟယ်လီကော်ပတာများအပါအဝင် မီးသတ်သမား အင်အား ၄,၀၀၀ ကျော်ခန့်ဖြင့် ၀ိုင်းဝန်း ကြိုးစား ငြိှမ်းသတ်နေရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly