မီးတောင်ပေါက်ကွဲနေသော်လည်း ကြက်တိုက် မပျက်ဘဲ အေးအေးလူလူ ရှိနေကြတဲ့ ဘာလီကျွန်းသူကျွန်းသားများ

မီးတောင်ပေါက်ကွဲနေသော်လည်း ကြက်တိုက် မပျက်ဘဲ အေးအေးလူလူ ရှိနေကြတဲ့ ဘာလီကျွန်းသူကျွန်းသားများ

ဒီဇင်ဘာ ၈ ။          ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က အာဂွန် မီးတောင်ဟာ ယခုအချိန်မှာ ပေါက်ကွဲမှုနဲ့အတူ လှုပ်ခါမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်ဆိုပေမယ့်လည်း ယင်းနဲ့ ခပ်ဝေးဝေးက နေရာတစ်နေရာမှာ ရှိနေတဲ့ ဘာလီကျွန်းနေ အမျိုးသားတစ်စုဟာ ကြက်တိုက်ပွဲတွေနဲ့အတူ အေးအေးလူလူ ရှိနေကြပါတယ်။

ကျော်ကြားလှတဲ့ အင်ဒို အပန်းဖြေကျွန်းပေါ်က လှုပ်ခါနေတဲ့ မီးတောင်ကို လှမ်းမြင်ရတဲ့့ နေရာတစ်နေရာမှာတော့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေ အနှံ့ထိုးထားတဲ့ အမျိုးသားတစ်စုရဲ့ ကြက်ပွဲကို တွေ့ရမှာဖြစ်ပါတယ်။

အမျိုးသား ပရိသတ် ၁၀၀ လောက်ကတော့ စည်းဝိုင်းဘေး ၀ါးခုံတန်းတွေပေါ်မှာ ထိုင်ပြီး  အားပါးတရ ၀ိုင်းဝန်း အားပေးတတ်ကြပါတယ်။

ပြိုင်ပွဲစည်းကမ်းအရ ဆိုင်မယ့် ကြက်နှစ်ကောင်ကို ပွဲမစခင် အရင်ဆုံး အလေးချိန် တူမတူ ချိန်တွယ်ကြပါတယ်။ ဒါ့အပြင် အနီးအနားမှာလည်း တိုက်ကြက်တွေကိုလည်း  ခြင်းတောင်းတွေနဲ့ အုပ်ပြီး အဆင်သင့် ထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

" တိုက်ကြက်ပိုင်ရှင်တွေအကြား ညှိလို့ရပြီ၊ တိုက်ဖို့ သဘောတူပြီ ဆိုတာနဲ့ ပွဲစပါတော့တယ်" လို့ တိုက်ကြက်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အိုင်မိတ် ဂူနာဝမ်က ပြောပါတယ်။

ကြက်ဝိုင်းအနီးမှာတော့ ပြင်းထန်တဲ့ အမွှေးနံ့သာတွေလည်း ပျံ့လွင့်လို့ နေပါတယ်။ လောင်းကြေးတွေအနေနဲ့ကတော့ တစ်ပွဲကို ရူပီးယား ၂၀,၀၀၀ ကနေ ၁၀၀,၀၀၀ အကြား အစားစား ရှိတယ်လို့ လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly