ပါတီမှ ရပ်ဆိုင်းခံရသော မကွေးဝန်ကြီးအား အရေးယူရန် လတ်တလော ညွှန်ကြားမှုမရှိသေးဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား

ပါတီမှ ရပ်ဆိုင်းခံရသော မကွေးဝန်ကြီးအား အရေးယူရန် လတ်တလော ညွှန်ကြားမှုမရှိသေးဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား

 

ရန်ကုန်   ဒီဇင်ဘာ   ၈ ။              ။ လူမှုရေးပြဿနာများ စစ်ဆေးပေါ်ပေါက်ခဲ့သော မကွေးဝန်ကြီးအား ပါတီတာဝန်မှ ရပ်ဆိုင်းခဲ့သော်လည်း အစိုးရအဖွဲ့မှ အရေးယူရေးကိစ္စမှာ ပြည်ထောင်စု အစိုးရမှ လတ်တလော ဘာမှမသိရသေးဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဝန်ကြီးဦးနေမျိုးကျော်ကို NLD ပါတီမှ ယနေ့ ရပ်ဆိုင်းလိုက်ခြင်းကိစ္စနှင့် ပတ်သက်၍  ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့က မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်သိတာကတော့ ပါတီက ထုတ်တာ မဟုတ်ဘူးဗျ၊ ပါတီတာဝန်က ရပ်ဆိုင်းတာ၊ အဲဒါက တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောတာ၊ သူ့ကိုမေးကြည့်ရင် ပိုကောင်းမယ်၊ ဒါက ပါတီတာဝန်က ရပ်ဆိုင်းတယ်ဆိုပြီးတော့ သတင်း ကို မက်ဆေ့ဝင်တယ်တဲ့၊ အဲဒါပဲ သိရတာ" ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

ထို့ုပြင် အဆိုပါဝန်ကြီးအား အစိုးရအဖွဲ့မှ အရေးယူ မည် မယူမည်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ဘာမှ မသိရသေးဟု ၄င်းက ဆက်ပြောသည်။

" အဲဒီကိစ္စကတော့ ပြည်ထောင်စုအစိုးရအဖွဲ့အနေ နဲ့ဘာမှတော့ မသိရသေးဘူး၊ ပါတီတာဝန်က ရပ် ဆိုင်းတယ်ပဲ သိရသေးတာ" ဟု မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဝန်ကြီးဦးနေမျိုးကျော်ကို NLD ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ယနေ့ အတည်ပြုပြော ကြားခဲ့သည်။ ဝန်ကြီးအား ပါတီမှထုတ်ပယ်ခဲ့ပြီး၊ ဝန်ကြီး ရာထူးမှ ဖြုတ်ချမချမှာ ပါတီနှင့်မဆိုင် ကြောင်း၊ ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ် ဆေး၍ ပေါ်ပေါက်လာသည့် အစီရင်ခံစာတွင် ကျူးလွန်ကြောင်းတွေ့ရှိခဲ့ရသည်ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မကွေးတိုင်း၊ အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးနေမျိုးကျော် ကို လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ လူမှုကွန် ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားနေမှုများ ရှိခဲ့ပြီး၊ ဝန်ကြီးကိုယ်တိုင် စက်တင်ဘာလ၂ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ဆုံရပ်ရပ်ကွက် (၁၀) လမ်းရှိ နေအိမ်တစ်အိမ်တွင် အဆိုပါ သတင်း မှန်ကန်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့သည်။

အဆိုပါကိစ္စအား ပါတီဌာနချုပ်သို့ တိုင်ကြားမှုများ ရှိခဲ့ပြီး၊ ၃ လကျော်ကြာတွင် ယခုကဲ့သို့ ပါတီမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ခ) အရ နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး ၀န်ကြီး တစ်ဦးဦးအား တာဝန်မှ နှုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း မလိုက်နာလျှင် တာဝန်မှ ရပ်စဲပိုင်ခွင့် ရှိသည်ဟု အခြေခံဥပဒေအရ သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly