ယူနက်စကို ယဉ်ကျေးမှုအမွေအနှှစ် စာရင်းဝင်သွားတဲ့ အီတလီပီဇာ

ယူနက်စကို ယဉ်ကျေးမှုအမွေအနှှစ် စာရင်းဝင်သွားတဲ့ အီတလီပီဇာ

နာပယ်၊ ဒီဇင်ဘာ ၈ ။             ။ ခုနှစ်ရဲ့ ယူနက်စကို  ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာတော့ အမျိုးသမီးတွေပဲ လုပ်ဆောင်နိုင်တဲ့ ဆော်ဒီက အနုလက်ရာအနုပညာအပါအဝင် အခြားယဉ်ကျေးမှုဆိုင်ရာ အတတ်အသိပညာရပ်တွေနဲ့အတူ အီတလီနိုင်ငံ နာပယ်မြို့က ပီဇာဟာလည်း စာရင်းသွင်းခံရပါတယ်။

ပီဇာမုန့်ဖုတ်ရာမှာ ဂျုံဝိုင်းပြားကို လေထဲမြှောက် အဝိုင်းလည်စေတာကနေစလို့ ပြီးဆုံးတဲ့အထိ ဖုတ်လုပ်သွားရတဲ့ pizzaiuolo ခေါ် ပီဇာမုန့်ဖုတ် ရှေးရိုးပညာရပ်ကိုပါ ယူနက်စကိုရဲ့ ဒြပ်ထည်မဲ့ အမွေအနှစ်စာရင်းမှာ ထည့်သွင်းဖော်ပြခံရတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ဂျေဂျူးကျွန်းမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီဟာ တောင်ပိုင်းအီတလီမြို့ နာပယ််မှာရှိတဲ့ မျိုးဆက်တွေ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ pizzaiuolo ပညာကိုပါ စာရင််းထည့်သွင်းဖို့ ခေါင်းညိတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

နာပယ်မြို့ရဲ့ ပီဇာမုန့်ဖုတ်ပညာ Neapolitan pizzaiuolo ကို ယူနက်စကိုအမွေအနှစ်စာရင်းသွင်းဖို့ ပြည်သူ နှစ်သန်းခန့်က လက်မှတ်ထိုးတောင်းဆိုခဲ့တာကြောင့်လည်း ခုလို ရလဒ်ထွက်ပေါ်လာတာလို့ နာပယ်ပီဇာအသင်းကြီးရဲ့ အကြီးအကဲ ဆာဂျီယိုက ပြောပါတယ်။

ခေတ်ဟောင်းမပျက်တဲ့ ဒီရိုးရာအစားအစာပညာဟာ အထင်ကရစာရင်းဖြစ်တဲ့ ယူနက်စကိုယဉ်ကျေးမှု စာရင်းမှာ ပါလာမှာကို သံသယမရှိကြောင်းလည်း ဆာဂျီယိုက ပြောပါတယ်။

“ကဲ၊ ကျွန်တော်တို့တွေ ခုလို စာရင်းဝင်သွားတဲ့ အထိမ်းအမှတ်အတွက် လမ်းတွေမှာ ပီဇာတွေ အခမဲ့ကျွေးပေးဦးမှာ ဖြစ်တယ်။”ဆိုပြီးလည်း ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

Pizzaiuolo ဆိုတာဟာ ဂျုံအဝိုင်းပြားကို အောက်ဆီဂျင်မျှတအောင် လေထဲ ပစ်မြှောက်ဝိုင်းလှည့်စေပြီးမှ ပီဇာမုန့်ဖုတ်တာလို့ ဆိုပါတယ်။ နာပယ်မြို့အတွက် ရှေးရိုးရာ အချက်အပြုတ်ပညာအဖြစ် ဂုဏ်ယူစရာ ရှိနေတာလည်း ဖြစ်ပါတယ်။

“အောင်ပွဲပဲ။ အီတလီအစားအစာနဲ့ ၀ိုင်ယဉ်ကျေးမှုတွေကို ဂုဏ်ယူကာကွယ်ဖို့ နောက်ထပ်ခြေလှမ်းပဲ။”ဆိုကာ စိုက်ပျိုးရေး၊ အစားအစာနှင့် သစ်တောဝန်ကြီး မာတီနာက တွစ်တာမှာ ရေးလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly