ထရမ့်၏ ဂျေရုဆလင် မိန့်ခွန်းအပြီး အနောက်ဖက်ကမ်းတွင် အစ္စရေးက စစ်တပ်ဖြန့်ကြက်က အသင့်ချထား

ထရမ့်၏ ဂျေရုဆလင် မိန့်ခွန်းအပြီး အနောက်ဖက်ကမ်းတွင် အစ္စရေးက စစ်တပ်ဖြန့်ကြက်က အသင့်ချထား

ဂျေရုဆလင်၊ ဒီဇင်ဘာ ၈ ။           ။ ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်သမ္မတက တရားဝင်အသိအမှတ်ပြုကြောင်း မိန့်ခွန်းပြောဆိုကြေညာပြီးနောက် ဖြစ်လာနိုင်သော အကြမ်းဖက်မှုများအတွက် ပါလက်စတိုင်း အနောက်ဖက်ကမ်းတွင် ဒီဇင်ဘာ ရ ရက်မှ စကာ အစ္စရေးက စစ်တပ်ရင်းအချို့ အသင့်ဖြန့်ကြက်ချထားသည်။

အထွေထွေအခြေအနေများကို သုံးသပ်ပြီးနောက် အနောက်ဖက်ကမ်းနယ်မြေများသို့ ထောက်လှမ်းရေးနှင့် နယ်မြေကာကွယ်ရေးတိုက်ခိုက်ရေးအုပ်စုများနှင့်အတူ တပ်ရင်းတစ်ချို့ကို ဖြန့်ကြက်ချထားရန် ဆုံးဖြတ်လိုက်ခြင်းကြောင်း စစ်တပ်ပြောခွင့်ရသူတစ်ဦးက အီးပီအေသတင်းသို့ ပြောသည်။

“အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကြေညာလိုက်တာကို ကိုယ်စားပြုတယ်။ ကျွန်တော် ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ မြေကို ကျူးကျော် ရန်စတာဖြစ်တယ်။”ဟု ဟားမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးက ပြောသည်။

ဂါဇာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စရေး၏ ကျူးကျော်မှုကို တတိယမြောက် ပုန်ကန်အုံကြွမှု ဆင်နွှဲရန် ၎င်းက ဆော်သြကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ၎င်း၏ ဆုံးဖြတ်ချက်အတွက် နောင်တရရမည်ဟု သတိပေးလိုက်သည်။

အနောက်ဖက်ကမ်းတွင် ထရမ့်၏ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာပြီးနောက်ပိုင်း တင်းမာမှုများ အရှိန်မြင့်လာနေသည်။

မြို့အသီးသီးမှာ ချီတက်လာသူများက အစ္စရေး စစ်တပ်ဂိတ်စခန်းများသို့ ဦးတည်ရောက်ရှိလာကြသည်။

ရာမယ်လက်ရှ်မြို့တွင် အယ်မာနာရာရင်မြင်တွင် လူပေါင်း ၃၀၀၀ ခန့် စုရုံးကာ အစ္စရေးကို ရှုတ်ချပြီး ဂျေရုဆလင်အထိ ချီတက်ကြမည်ဖြစ်ကြောင်း ကြွေးကြော်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly