M-150 Cup ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း ထိုင်းမှာ လေ့ကျင့်မှု စတင်

M-150 Cup ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း ထိုင်းမှာ လေ့ကျင့်မှု စတင်
(ဓာတ်ပုံ - MFF)

ထိုင်းနိုင်ငံသို့ M-150 Cup ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိနေတဲ့ မြန်မာ ယူ-၂၃ အသင်းဟာ ဒီဇင်ဘာ ရ ရက် ညနေပိုင်းက အပေါ့စားလေ့ကျင့်မှုတစ်ခု စတင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာ ယူ-၂၃ အသင်းဟာ ထိုင်းနိုင်ငံ၊ ဘူရီယမ်မြို့မှာ ကျင်းပပမယ့်  M-150 Cup ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ရ ရက်နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး နေ့လယ်ပိုင်းက ရောက်ရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းကို ဂျာမနီလူမျိုးနည်းပြ မစ္စတာဂတ်ဖရိုင်းဒရစ်မှ နည်းပြချုပ်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဗီယက်နမ်၊ ဥဇဘက်စ္စတန်အသင်းများဖြင့် အုပ်စုတွင်း ကျရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ (၉)ရက်နေ့မှာ ဗီယက်နမ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags