၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ကို ရီးယဲလ်နောက်ခံလူ ကာဗာဟယ်လ် လွှဲချော်မည်

၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ကို ရီးယဲလ်နောက်ခံလူ ကာဗာဟယ်လ် လွှဲချော်မည်
(ဓာတ်ပုံ - AFP)

ရီးယဲလ်မက်ဒရစ် နောက်ခံလူ ကာဗာဟယ်လ်ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရရှိခဲ့တဲ့ အဝါကဒ်မှာ တမင် ရည်ရွယ်ချက်ရှိရှိဖြင့် ရအောင်လုပ်ဆောင်ခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က တွေ့ရှိခဲ့တာကြောင့် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ကို လွှဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က အပိုးလ်နီကိုးရှားကို ရီးယဲလ်အသင်းက ၆-၀ နဲ့အနိုင်ရတဲ့ပွဲမှာ ကာဗာဟယ်လ်ဟာ မလိုအပ်ဘဲ အချိန်ဖြုန်းခြင်းအတွက် မိနစ် ၉၀ မှာ အဝါကဒ်ပြခံရတာဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဒေါ့မွန်နှင့်ပွဲကို အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားဟာ လွှဲချော်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် UEFA က သူ့ကို နောက်ထပ်ပွဲစဉ်တစ်ပွဲ ပွယ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ် မဲခွဲမှုကို လာမယ့် တနင်္လာနေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းနှင့် တွေ့နိုင်ဖွယ်ရှိတဲ့ ပြိုင်ဘက်အသင်းတွေကတော့ မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီနှင့် လီဗာပူးလ်အသင်းတို့ဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ အလားတူဖြစ်ရပ်မျိုးဖြစ်တဲ့ ၂၀၁၀ ခုနှစ်က အလွန်ဆိုနှင့် ရာမို့စ်တို့ဟာ အေဂျက်နဲ့ နောက်ဆုံးပွဲစဉ်မှာ ရည်ရွယ်ချက်ရှိရှိ အဝါကဒ်ရယူခဲ့တယ်လို့ တွေ့ရှိခဲ့တာကြောင့် ပွဲပယ်နှင့် ဒဏ်ငွေများ ချမှတ်ခံရဖူးပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly