၂၀၁၈ တွင် ပြန်လည်အရွေးခံမည်ဟု ပူတင်ကြေညာချက်က ရုရှပြည်သူများအတွက် အံ့သြစရာ မဖြစ်

၂၀၁၈ တွင် ပြန်လည်အရွေးခံမည်ဟု ပူတင်ကြေညာချက်က ရုရှပြည်သူများအတွက် အံ့သြစရာ မဖြစ်

 

မော်စကို၊ ဒီဇင်ဘာ ရ ။         ။ ၂၀၁၈ ရွေးကောက်ပွဲတွင် ပြန်လည်အရွေးကောက်ခံမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်၏ ကြေညာချက်က ရုရှပြည်သူများအတွက် အံ့သြစရာ ကြေညာချက်တော့ မဟုတ်ပေ။

Nizhny Novgorod မြို့ရှိ GAZ မော်တော်ကားစက်ရုံသို့ ရောက်ရှိသည့် သမ္မတ ပူတင်က ၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံကာ အနိုင်ရအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။

ပူတင်၏ အဆိုပြုမဲနှုန်းထားသည် ပုံမှန် ထိပ်ဆုံး ၈၀ ရာခိုင်နှုန်းတွင် ရှိနေရာ လာမည့်နှစ် မတ်လတွင် ကျင်းပမည်ဖြစ်သော ရွေကောက်ပွဲအတွက် အောင်ပွဲကြိုတင်နိမိတ်ပုံအဖြစ် ကျိန်းသေရှိနေခြင်းပဲ ဖြစ်သည်။

ပူတင်၏ သမ္မတအဖြစ်မှ နောက်ဆုတ်ရန်မရှိသည့် ရည်သန်စိတ်ကို ရုရှပြည်သူများအနေဖြင့် သိမြင်ထားပြီးဖြစ်ကာ အများစုမှာလည်း အလားအလာရှိသော အပြောင်းအလဲ သမ္မတလောင်းတစ်ဦးအဖြစ် မည်သူကိုမျှ တွေ့မြင်ကြခြင်း မရှိပေ။

သို့သော် တစ်ချို့သော မဲဆန္ဒရှင်ပြည်သူများမှာ ၂၀၁၈ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုတွင် အင်အားပါသည့် လူငယ်နို်င်ငံသမားများ ရှိမလာနိုင်ခြင်းအပေါ် စိတ်မသက်မသာ ဖြစ်ကြဟန်တော့ ရှိနေသည်။
အသက် ၆၅ နှစ်ရှိ ရုရှခေါင်းဆောင် ပူတင်အတွက် ဖြစ်လာနိုင်သော ယှက်ပြိုင်ဖက်များမှာ ယခင်ရွေးကောက်ပွဲက ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအပါအဝင် အသစ်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သူ အသက် ၃၆ နှစ်ရှိ အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ဦးပါ ပါဝင်လာနိုင်သည်။

Ksenia Sobchak ဆိုသည့် အမျိုးသမီးမှာ ပူတင်၏ တစ်ချိန်က အထက်အကြီးအကဲဖြစ်ခဲ့သူ၏ သမီးဖြစ်ကာ ရုပ်မြင်သံကြားအစီအစဉ်မှူးတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly