ထောက်ကြန့်တွင် သံဃာတုဟု ဆိုကာ အရိုက်နှက်ခံအမှု တရားမျှတရေး ဆက်လက်ဆောင်ရွက်မည်

ထောက်ကြန့်တွင် သံဃာတုဟု ဆိုကာ အရိုက်နှက်ခံအမှု တရားမျှတရေး ဆက်လက်ဆောင်ရွက်မည်
ဓာတ်ပုံ - U Yan Aung Facebook

ရန်ကုန် ဒီဇင်ဘာ ရ ။                     ။ ထောက်ကြန့်ဘီယာဆိုင်တွင် ရိုက်နှက်ခံခဲ့ရသည့် ရမ္မာဝတီဆရာတော် ဦးဣန္ဒက အမှုကိစ္စအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနား ခံစာများစိစစ်ရေးကော်မတီနှင့်အတူ ဆရာ​တော်​ ဦးဣန္ဒကရိုက်​နှက်​ခံရမှုအတွက်​ဖွဲ့စည်​းထားသည့်​ အမှုမှန်ပေါ်ပေါက်ရေးကော်မတီအဖွဲ့၊ ရမ်​းဗြဲမြို့ နယ်​အသင်​းတို့ တရားမျှတမှုရှိစေရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ရမ်​းဗြဲမြို့နယ်​အသင်​း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

လက်ရှိအနေအထားတွင် ပြစ်မှုကျူးလွန်သူ ၃ ဦးကို ဖမ်းဆီးထားပြီး၊ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။  

" တရားဥပဒေစိုးမိုးရေးကော်မတီအနေနဲ့လည်း အမှု မှန်ပေါ်ရေးအတွက် ရဲစခန်းတွေသွားတယ်၊ လိုအပ် တဲ့နေရာတွေသွားပြီး၊ စုံစမ်းတယ်၊ စစ်ဆေးတယ်၊ နောက်လည်း ဆရာတော်ကြီးအမှုကိစ္စအတွက် လိုအပ်တာတွေ ဆောင်ရွက်သွားမယ်လို့ ကျွန်တော် တို့နဲ့ဆွေးနွေးတုန်းက ပြောသွားပါတယ်" ဟု ရမ်​းဗြဲ မြို့နယ်​အသင်​း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ထို့ပြင် ရမ္မာဝတီဆရာတော်ဦးဣန္ဒကအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အမျိုးသမီးရေး ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင်များက မနေ့ ဒီဇင်ဘာ ၅ ရက်နေ့က အလှူ ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပြီး၊ ဆရာ​တော်​ ရိုက်​နှက်​ခံရမှုအတွက်​ဖွဲ့စည်​းထား​သော ​အမှုမှန်ပေါ်ပေါက်ရေးကော်မတီ အဖွဲ့ဝင်ဆရာတော်များနှင့် လည်းဆွေးနွေးခဲ့ကြသည်ဟု ၄င်းက ဆက်ပြော သည်။

" ရန်ကုန်သမ္မတသင်္ကန်းတိုက်မှာပဲ အခမ်းအနားနဲ့ လာရောက်လှူဒါန်းသွားတာပါ၊ ဆရာတော်တွေ လည်းကြွတယ်၊ အလှူငွေကတော့ ကျွန်တော်ကိုယ် တိုင် လက်ခံထားပါတယ်၊ ဆရာတော်ကြီးကို ဖူးမြော်ပြီး လာလှူကြတာပါ၊ ဆရာတော့်အမှုကိစ္စ အတွက်လည်း ဆရာတော်တွေနဲ့ဆွေးနွေးခဲ့ကြပါ တယ်" ဟု ဦးစိုးဝင်းက ပြောသည်။

မြန်မာနိုင်ငံရှိသံဃာတော်များအနေနှင့် အလှူခံ သည့်ကိစ္စရပ်များတွင် သတိပြုဆင်ဆင်စရာ များစွာ ရှိနေပြီး၊ ယင်းကိစ္စရပ်များအတွက် သံဃာ့နာယက အနေဖြင့်လည်း ထိရောက်စွာ ဆောင်ရွက်သင့် သည်ဟု ရွှေဝါရောင်ဆရာတော် ဥူးသြဘာသက လည်း မိန့်ကြားသည်။

" သံဃာ့နာယကအနေနဲ့ ထိထိရောက်ရောက် ဆောင် ရွက်သင့်တယ်၊ ဦးဇင်းတို့ ဗုဒ္ဓသာသနာမှာ အလားတူကိစ္စတွေမဖြစ်အောင် ဆောင်ရွက်ရမယ်၊ သံဃာ့နာယကအနေနဲ့ မဆောင်ရွက်တာတော့ မဟုတ်ဘူး၊ ထောင့်စေ့အောင် မဆောင်ရွက်နိုင်တာ၊ သူတို့က အစိုးရနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်တယ်" ဟု ဥူးသြဘာသက မဇ္ဈိမသို့ မိန့်ကြားသည်။

နိုဝင်ဘာလ ၂၈ရက်နေ့ နေ့လည် ၂နာရီအချိန်က ရမ္မာဝတီဆရာတော်ဦးဣန္ဒက၊ သက်တော် ၆၉ နှစ်သည် အစာအိမ်ရောဂါကြောင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ လမင်းသာ (၂) စားသောက်ဆိုင်သို့ ရေနွေးကြမ်း အလှူခံလာသည်ကို အရက်ဝယ်သည် ဟုအထင်မှားကာ ဆိုင်ပိုင်ရှင်အပါအဝင် ၂ ဦးက ဝိုင်းဝန်းရိုက်နှက်ခဲ့ သည်။

ဆရာတော်ကို ရိုက်နှက်သူများအနက် လူဝတ်လဲ ထားသူ အကျင့်ပျက် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပါဝင်ခဲ့ပြီး၊ ၎င်းနှင့် Facebook မှတစ်ဆင့် ချစ် ကြိုက်နေသူနှင့်ချိန်းတွေ့ရန် လာရောက်စဉ် စားသောက်ဆိုင်ပိုင်ရှင်နှင့် ပူးပေါင်းကာရိုက်နှက် ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။ ထို့ပြင် ဆရာတော်၏ ခရီးဆောင်အိတ်မှ ငွေကျပ်ငါးသိန်းမှာလည်း ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူဝတ်လဲထားသော ကျောင်းထိုင်ဘုန်း ကြီးသည် သင်္ကန်းပြန်ဝတ်ကာ ပဲခူးတိုင်းတွင် တိမ်းရှောင ်နေစဉ် ဖမ်းဆီးခံရပြီး ၎င်းတို့ကို ၃ ဦးကို ပြစ်မှုဥပဒေပုဒ်မ ၂၉၅/ ၂၉၅ - က (ဘာသာသာသနာကို စော်ကားမှု) ၊ ပုဒ်မ ၃၂၃ (မိမိ အလိုအလျောက်နာကျင်စေမှု) ၊ ပုဒ်မ ၁၄၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)၊ ၄၀၃ (ရာဇဝတ်မကင်းသည့် အလွဲသုံးစားမှု) တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly