တယ်လီနော ဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ်ဖြင့် ပြောနိုင်မည့် အစီအစဉ် စတင်

တယ်လီနော ဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ်ဖြင့် ပြောနိုင်မည့် အစီအစဉ် စတင်
 ဓါတ်ပုံ - မဇ္စျိမ

ရန်ကုန်၊ သြဂုတ် ၂၀ ။     ။ တယ်လီနော ဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ်ဖြင့် ပြောနိုင်မည့် Super Pwar(စူပါပွား) အစီအစဉ်ကို တယ်လီနောက သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် စတင် လိုက်ပြီဖြစ်သည်။

အဆိုပါ အစီအစဉ်ဖြင့် ပြောဆိုမည် ဆိုပါက တယ်လီနော အချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ် ကျသင့်မည် ဖြစ်ပြီး ယင်းအစီအစဉ် သုံးစွဲလိုပါက SMS ဖြင့် ( ကုတ်နံပါတ် ၃၆၅ သို့ “SUP ON”) ဟုပေးပို့၍ သော်လည်း ကောင်း၊ တယ်လီနော Call Center သို့  ဆက်သွယ်၍ လည်းကောင်းပြောင်းလဲသုံးစွဲနိုင်မည် ဖြစ်သည်။

 ယင်းအပြင် တယ်လီနောဖုန်းများမှ အခြားဖုန်းများသို့ ခေါ်ဆိုခကိုလည်းယခင် တစ်မိနစ် ၂၅ ကျပ်မှ  ၂၃ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်သည်။

 စူပါပွားအသုံးပြုသူများသည် အင်တာနက်အသုံးပြုရာတွင် တယ်လီနော၏ ၁ မီဂါဘိုက် ၆ ကျပ်ပေး ရသော Smart Internet သို့ အလိုလျှောက်အကျုံးဝင်သွားမည်ဖြစ်သည်။

 တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ပက်တာဖားဘာ့ခ်က  “ Smart Internet ကိုအလိုလျှောက် အကျုံးဝင်အောင် စီစဉ်ထားတာက အင်တာနက်ကိုသုံးစွဲမှုများလာတာနဲ့ အတူ သုံးစွဲသူတွေ အနေနဲ့ ပိုမြန်တဲ့  ကွန်နက်ရှင်ကို ရရှိစေဖို့ဖြစ်ပါတယ်’ ဟု ပြောသည်။  

 တယ်လီနောမြန်မာ၏ My Internet အစီအစဉ်မှာမူ တမိနစ်ကိုငါးကျပ်နူန်းဖြင့် ဆက်လက်ရရှိမည် ဖြစ်သည်။

 လက်ရှိ အချိန်ထိ  တယ်လီနောသည်   တိုင်းနှင့် ပြည်နယ် ၁၂ ခု တွင်  သုံးစွဲသူ ၁၀ သန်းကို ဝန်ဆောင်မှု ပေးနေသည်။ လာမည့် လအနည်းငယ် အတွင်းချင်းပြည်နယ်နှင့် နှင့် ရခိုင်ပြည်နယ်တို့တွင် ကွန်ယက်ချဲ့ထွင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly