သမ္မတကြီး ကျန်းမာရေးကြောင့် ရာထူးနေရာအပြောင်းအလဲ ရှိနိုင်တယ်ဆိုတဲ့ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကို

သမ္မတကြီး ကျန်းမာရေးကြောင့် ရာထူးနေရာအပြောင်းအလဲ ရှိနိုင်တယ်ဆိုတဲ့ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကို

သမ္မတအပြောင်းအလဲရှိတယ်။ ကြာသာပတေးနံတွေ ဖြစ်နိုင်တယ်လို့ ခပ်ရဲရဲဟောခဲ့သူ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်။

မေး။ ဆရာ မင်္ဂလာပါရှင့်။ နိုဝင်ဘာလ ၂၉ ရက်နေ့က ဆရာ့ရ သမ္မတကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ထားတာတွေ့ရပါတယ်။

ဖြေ။ - ကျွန်တော်တို့က ဒီ မဇ္စျိမသတင်းဌာနနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာထဲမှာ ၂၀၁၇ ထဲမှာဖြစ်မယ့် တိုင်းပြည်ရဲ့ ကံကြမ္မာကို ဒီလိုပဲ အင်တာဗျူးရိုက်ပြီးတော့ ထုတ်လွှင့်ခဲ့တယ်။ အဲဒီလို ထုတ်လွှင့်ခဲ့တဲ့ နေရာမှာ အရေးကြီးဆုံးအရာလေးတစ်ခုပေါ့။ အဲဒါကတော့ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ကျန်းမာရေး အညံ့ကြံုနိုင် တယ်။နောက်  ဒီ သမ္မတ အပြောင်းအလဲပေါ့။ကျန်းမာရေးကြောင့် သမ္မတ အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ အနာဂတ်ဟောကိန်းလေးတစ်ခု ထုတ်ပြန်ပေးလိုက်တယ်။ အဲဒီအချိန်မှာလည်း နိုင်ငံတော်သမ္မတကြီးကတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်ပဲပေါ့။ ဒီလိုဖြစ်လိမ့်မယ်လို့လည်း ဘယ်သူမှ မျှော်မှန်းမထားတဲ့ အကြောင်းအရာ ပေါ့။ဒါပေမယ့် ကျွန်တော်တို့ နက္ခတ်တွေမှာကြတော့ တိုင်းပြည်နိုင်ငံမှာပဲဖြစ်ဖြစ် ၊ တိုင်းပြည်နိုင်ငံအတွက် အရေးကြီးတဲ့ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ပညာရပ်တွေက ရှေ့ကို ကြိုပြီးတော့ ဖတ်ကြားရတဲ့ ပညာရပ်တွေပေါ့။ ပညာရပ်တွေမှာ ကျွန်တော်တို့က မြင်တဲ့ အခြေအနေကို ထိန်ချန်ပြီးတော့လည်း ပြောလို့မရဘူး။ မဖြစ်နိုင်တာကိုလည်း ပိုလျှံပြီး ပြောလို့မရဘူး။ ကျွန်တော်တို့ ပညာရပ်မှာ သတ်မှတ်ထားတဲ့ ဥပဒေသတွေ ရှိတယ်။ ဒီလိုသတ်မှတ်ထားတဲ့ ဥပဒေသတွေမှာ ရာနှုန်းပြည့်ဆိုတာကတော့ ဖြစ်တဲ့ အချက်တွေလည်း ရှိတယ်။ မဖြစ်ခဲ့တာတွေလည်း ရှိတယ်။သို့သော်ငြားလည်း တော်တော်လေးကို မှန်ကန်အောင် ခန့်မှန်းနိုင်တဲ့ ဥပဒေသတွေရှိပါတယ်။ အဲဒီဥပဒေသတွေနဲ့ ကျွန်တော်တို့က ထုတ်ပြန်ခဲ့တာ။

ဒီမှာမှ သမ္မတကြီးရဲ့ ဇာတာပေါ့။ သမ္မတကြီး ဦးထင်ကျော်ကို NLD ပါတီအနေနဲ့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်မယ်လို့ ဆုံးဖြတ်ကတည်းက သူ့ဇာတာကိုရအောင် ကျွန်တော်တို့ ရှာဖွေစုဆောင်းပြီးပြီ။ နောက်တစ်ချက်က အဲဒီကာလတွေမှာ   NLD အစိုးရဖြစ်မယ့်အချိန်မှာ ကျွန်တော်ကိုယ်တိုင် ကြာသာပတေး ၊ စနေ ဒီသားသမီးတွေ တိုင်းပြည်မှာ နို်ငံတော် သမ္မတဖြစ်မယ်လို့ ကြိုပြီးတော့ သတင်းထုတ်ပြန်ပေး ၊ဟောကိန်းထုတ်ပေးခဲ့တယ်။ အဲဒီ Timing အတိုင်းလည်း ဝင်တယ်။သမ္မတကြီး ဦးထင်ကျော်က ၁၉၄၆ ဇူလိုင်လ ၂၀ ရက် စနေနေ့မှာ မြန်မာစံတော်ချိန် နံနက် ၅နာရီ ၃၂ မိနစ်မှာ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။အဲဒီမှာမှ ဘာထူးခြားလဲဆိုတော့ သမ္မတကြီးဇာတာ ဖတ်လိုက်ချိန်မှာ သမ္မတကြီးက ရှေ့အနာဂတ် သမ္မတတာဝန်ထမ်းရွက်ပြီး နှစ်နှစ်  သုံးနှစ်အတွင်းမှာ လုပ်ငန်းပြောင်းမယ့် နက္ခတ်တစ်ခုနဲ့ သွားတိုက်ဆိုင်နေ တယ်။ အဲဒီ နက္ခတ်က နက္ခတ် ၁၉ လုံး  ဓနုရာသီထဲမှာ ရှိတယ်။ အဲဒီတော့ နက္ခတ် ၁၉လုံးရှိတဲ့ ဒီ နက္ခတ်က သမ္မတကြီးရဲ့ ဇာတာခွင်မှာ ကောင်းတဲ့ ဇာတာခွင်မှာ မဟုတ်ဘူး။ခွဲစိတ်ကုသမှုခံတာ ၊ ရန်အတိုက်အခံ အနှောင့်အယှက် ဖြစ်တာ ၊ နောက် ရာထူးသြဇာအာဏာမတည်မြဲတာတွေ ဖြစ်နိုင်တဲ့ ရာသီခွင်ပေါ့။ နက္ခတ် အခေါ်အဝေါ် ပါဠိလို ပြောမယ်ဆိုရင်တော့ အာရေပေါ့။ အာရေကတော့ ရန်သူရန်ဘက် အတိုက်အခံ အနှောင့်အယှက် ခွဲစိတ်ကုသမှု တွေကို လွှမ်းမိုးတဲ့ နေရာမှာ သွားရောက်နေတယ်။ အဲဒီ ပိုွင့်ကို သမ္မတကြီး ကျော်ဖြတ်ရမှာက သမ္မတ တာဝန် ထမ်းဆောင်ချိန်ကနေ နှစ်နှစ်အတွင်းမှာ ကျော်ဖြတ်ရမှာ။ သမ္မတကြီး ဒီလိုကျော်ဖြတ်တဲ့ နေရာမှာ လွတ်မြောက်နိုင်ခြင်း ရှိမရှိကို ဇာတာခွင်မှာ ကောင်းကင်မှာ သွားနေတဲ့ အဓိက စနေဂြိုလ်၊ အင်္ဂါဂြိုလ် ၊ ရာဟုဂြိုလ်တွေနဲ့ ချိန်ဆလိုက်တဲ့ အနေအထားမှာ သမ္မတကြီးရဲ့ လုပ်ငန်းအပြောင်းအလဲဖြစ်မယ့် နက္ခတ်ပေါ်ကို စနေဂြိုလ်ကလည်း ခုဆိုရင် အချိန်ကိုက် စီးနင်းတဲ့အချိန်ပေါ့။ ဒါ့ကြောင့် ကျွန်တော်တို့က ၂၀၁၇ ထဲမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ကျန်းမာရေးအညံ့ ဖြစ်ပေါ်နိုင်တယ်။ ဒီကျန်းမာရေးကြောင့်ပဲ ရာထူးတာဝန်ကနေ အနားယူတာဖြစ်နိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့က သတင်းထုတ်ပြန်တာ။

နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ ၂၉ ရက်နေ့မှာ ကျွန်တော်တို့က သတင်းထုတ်ပြန်ရတာက ဒီအတောအတွင်းမှာ သမ္မတကြီးရဲ့ ကျန်းမာရေးအရ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ဆေးသွင်းပြီး ကုသခံယူရမယ့် နက္ခတ်ကိန်းတစ်ခု ရှိတယ်။ လက်ရှိမှာတော့ အားလုံးက သမ္မတကြီးကို ကျန်းမာရေးကောင်းတယ်ဆိုပြီး တာဝန်ရှိတဲ့သူတွေကတော့ သတင်းထုတ်ပြန်တာ ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ နက္ခတ်အရပဲ။ ရှေ့မှာ လူတစ်ယောက် လမ်းလျှောက် နေပေယ့် အဲဒီလူဟာ သူသေမယ့်အချိန်ရောက်ရင် နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာ ဒီလမ်းပေါ်မှာပဲ ရုတ်တရက် သေဆုံးတာလည်း ဖြစ်နိုင်တယ်။ဒါက ရှေ့အနာဂတ် မိနစ်ပိုင်း နာရီပိုင်းမှာတောင်မှ လူတစ်ယောက်ရဲ့ ကံဇာတာက လက်ရှိဖြစ်နေတာနဲ့ မတူညီနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ လူတွေရဲ့ ကံကြမ္မာဟာ အမျိုးမျိုးပြောင်းနိုင်တယ်။ အဲဒီတော့ ဒီ ဒီဇင်ဘာလထဲမှာ သမ္မတကြီးဇာတာအရ ပြင်းထန်တဲ့ ဆေးဝါးကုသမှုခံရမယ့် နက္ခတ်တွေ လာပြီးတော့့ လွှမ်းမိုးထားတယ်။ လွှမ်းမိုးထားတော့ သမ္မတကြီးရဲ့ ရောဂါဝေဒနာအရ ကင်ဆာရောဂါလို ဆေးသွင်းပြီးတော့ ဆေးဝါးကုသမှုခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်လာမယ်။ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ နို်င်ငံတော်မှာ သမ္မတသစ်တစ်ဦးကို ရွေးချယ်မလား သို့မဟုတ် ဒုသမ္မတ (၁) တာဝန်ထမ်းဆောင်နေတဲ့ ဦးမြင့်ဆွေက နိုင်ငံတော်သမ္မတ တာဝန်ကို ယာယီ သို့မဟုတ် အမြဲတမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရှိမလား။ ဒါလေးတွေ နက္ခတ်တွေမှာလည်း သွားတွေ့တယ်။ ပြီးတော့ ဒီကာလမှာလည်း ကြာသာပတေးနေ့ ကြာသာပတေးနံနဲ့ စတဲ့ သူ ကြာသာပတေးနေ့ သားသမီးတွေရဲ့ အားကောင်းတဲ့ အချိန်အခါဖြစ်တယ်။ဒါကို သွားတွေ့ရပါတယ်။

မေး။ ဒီ မင်းပြောင်းမင်းလွဲလည်း ဖြစ်လာနိုင်တယ်လို့ ဆရာက ပြောထားတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ မင်းပြောင်းမင်းလွဲက ဘယ်အချိန်လောက်မှာ ဖြစ်လာဖို့ ရှိသလဲရှင့်။

ဖြေ။ ကျွန်တော်တို့ မင်းပြောင်းမင်းလွဲဆိုတော့ စကားစုပေါ့။ ဒီပညာရပ်မှာ ဒီစကားစုနဲ့ ပတ်သက်ပြီးတော့ မင်းပြောင်းမင်းလွဲဆိုတာတော့ တိုင်းပြည်ရဲ့ အမြင့်မားဆုံးခေါင်းဆောင် အပြောင်းအလဲပေါ့။ ဒီ မင်းပြောင်းမင်းလွဲနဲ့ ယှဉ်ပြီးတော့မှ အစိုးရပါ ပြောင်းရတဲ့ ပြောင်းလဲမှုတွေလည်း ရှိတယ်။ သို့တည်းမဟုတ် အစိုးရမပြောင်းဘဲ အကြီးဆုံးမင်းအစိုးရ မင်းပြောင်းလဲတာမျိုးလည်း ရှိတယ်။ လောလောဆယ်တော့ တိုင်းပြည်ရဲ့ ဇာတာခွင်အရ အမြင့်မားဆုံးမင်း သမ္မတ ပြောင်းလဲတာကိုလည်း မင်းပြောင်းမင်းလွဲလို့ သတ်မှတ်လို့ရတယ်။ ဒါပေမယ့် လာမယ့် ၂၀၁၈-၂၀၁၉ အချိန်ကာလတွေက တိုင်းပြည်အတွက် အန္တရာယ်အရမ်းကြီးတဲ့ အချိန်ကာလတွေပေါ့။ ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း နိုင်ငံရေးမှာ တာဝန်ယူတဲ့ အစိုးရက ကျော်ဖြတ်ရမှာ။ လွယ်လွယ်ကူကူနဲ့ အရာအားလုံး ကိုယ်လုပ်သမျှ ပြီးစီးတယ် အမှန်ဖြစ်တယ်ဆိုတဲ့ အချိန်ကာလမဟုတ်ဘူး။၂၀၁၈-၂၀၁၉ မှာ နိုင်ငံတော်အစိုးရအနေနဲ့လည်း သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ အကြီးကြီး လွဲချော်မှားယွင်းလာနိုင်တယ်။ ပြည်သူရဲ့ လိုအင်ဆန္ဒကို ဖန်တီးပေးမှုမှာလည်း ထင်သလောက် ခရီးမပေါက်နို်င်ဘူး။

၂၀၁၈-၂၀၁၉ ဟာ အစိုးရအတွက် အန္တရာယ်ရှိတဲ့ အချိန်ကာလဖြစ်တယ်။နှစ် ၃၀ Period ပေါ့။ စနေဂြိုလ်ရဲ့ ကောင်းကင်မှာ ရာသီခွင်  ၁၂ခု ကို လှည့်ပြီးသွားတဲ့ Transit ပေါ့ ။ ကောဇာစနစ်အရ နှစ် ၃၀ မှာ လူတစ်ယောက်ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ နိုင်ငံတစ်နိုင်ငံမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တဲ့ နေရာမှာလည်း မွေးပြီး နှစ် ၃၀ ကို ကျွန်တော်တို့က ဆိုလိုတာမဟုတ်ဘူး။ ဇာတာမှာရှိတဲ့ အရေးကြီးတဲ့ ပွိုင့်တွေကို စနေဂြိုလ်လာပြီး စီးနင်းတာပေါ့။ ဥပမာ ဒီနှစ်၃၀ Period ကို ပြောမယ်ဆိုရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးဇာတာခွင်အရ ၁၉၈၈ မှာ ဓနုရာသီကို စနေဂြိုလ် ရောက်ရှိတယ်။ အဲဒီလို ရောက်ရှိတဲ့အချိန်မှာ လွတ်လပ်ရေးဇာတာခွင်မှာရှိတဲ့ တနင်္ဂနွေဂြိုလ်ပေါ်ကို စနေဂြိုလ်စီးနင်းတဲ့ အချိန်မှာ ကျွန်တော်တို့တိုင်းပြည်မှာ မဆလ အစိုးရ ပြုတ်ကျပြီးတဲ့နောက် တပ်မတော် အစိုးရဆိုပြီး ဖြစ်ပေါ်လာတယ်။

တပ်မတော်အစိုးရကလည်း နှစ် ၂၀ကျော် အုပ်ချုပ်ပြိးတော့ ဒီဘက် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်တယ်။ အဲဒီတော့ ၁၉၈၈ကနေ နှစ် ၃၀ ထပ်ပေါင်းလိုက်မယ်ဆိုရင် ၂၀၁၈ Period ကို ရောက်တယ်။၂၀၁၈-၂၀၁၉ ကိုတော့ တိုင်းပြည် အန္တရာယ် ပေါ်ပေါက်နိုင်တဲ့ အချိန်ကာလ၊  နောက်တစ်ခုကတော့ ဒီလိုပေါ်ပေါက်လာတဲ့ အချိန်မျိုးှမှာ ပြည်သူတွေကနေပဲ ဖြစ်ချင်တာတွေ မရလို့ ပေါက်ကွဲတာ သူတို့လိုအင်ဆန္ဒတွေ တင်ပြရင်းနဲ့မှ အခြေအနေတွေ ပိုပြီးတော့ ထိန်းမရသိမ်းမရ ဖြစ်တာ ဒီလိုမျိုး တိုင်းပြည်ရဲ့ အစိုးရမှာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်ဖို့ နီးစပ်တဲ့ အချိန်ကာလဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly