လူမှုအသိုက်အဝန်းများအတွက် ကူညီထောက်ပံ့ပေးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးတို့ တွေ့ဆုံ

လူမှုအသိုက်အဝန်းများအတွက် ကူညီထောက်ပံ့ပေးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးတို့ တွေ့ဆုံ

 

ဒီဇင်ဘာ ရ ။               ။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပြီး မြန်မာ့အရေးဆက်လက်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး Mr.Knut Ostby က သူ့ရဲ့ တွစ်တာမှာ ထုတ်ပြန်ထားပါတယ်။

UN နဲ့ သဘောတူညီမှုအရ  လူမှုအသိုက်အဝန်းအားလုံးအတွက် လိုအပ်ချက်တွေနဲ့ ထောက်ပံ့ပေးမှုတွေကို အဓိကထားဆောင်ရွက်မှာဖြစ်ပြီး ရခိုင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို ကူညီပေးနိုင်ဖို့ ဖြစ်တယ်လို့ သူက ပြောထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် Mr.Knut Ostby တို့ ဒီဇင်ဘာလ ၆ ရက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly