တစ်ဦးချင်းအောင်မြင်မှုမှာ ဦးစားပေးမဟုတ်တော့ဟု မက်ဆီပြော

တစ်ဦးချင်းအောင်မြင်မှုမှာ ဦးစားပေးမဟုတ်တော့ဟု မက်ဆီပြော

 

ဒီဇင်ဘာ ရ၊ စပိန် ။           ။ Ballon d’Or ဆုကို ၅ ကြိမ်ရရှိပြီးနောက်တွင် တစ်ဦးချင်းအောင်မြင်မှုမှာ ဦးစားပေးမဟုတ်တော့ကြောင်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ပြောဆိုလိုက်သည်။

မက်ဆီသည် ၂၀၁၅ ခုနှစ်က Ballon d’Or ဆုကို နောက်ဆုံးရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၅ ကြိမ်ရရှိသည့် ပထမဆုံးကစားသမား ဖြစ်ခဲ့သည်။ ယခု ၂၀၁၇ ခုနှစ်တွင် စီရော်နယ်ဒိုမှာ ဆုရရန်ရေပန်းစားနေပြီး ဆုရခဲ့ပါက မက်ဆီနှင့် ဆုရသည့်အကြိမ်အရေအတွက် တူညီသွားမည် ဖြစ်သည်။

“အသင်းလိုက်အောင်မြင်မှုရဖို့ကို ပိုပြီး စိတ်ဝင်စားပါတယ်။ အဲ့ဒါ အမှန်တရားပါ။ အရာရာကို အောင်မြင်ခဲ့တဲ့ ပထမနှစ်အနည်းငယ်တုန်းက ခံစားချက်က တကယ်ကိုလှပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့  တစ်ဦးချင်းအောင်မြင်မှုကို ဦးစားမပေးတော့ပါဘူး။

အသင်းဖော်တွေနဲ့အတူတူအောင်မြင်မှုရတာကို အမှန်တကယ်နှစ်သက်ပါတယ်။ သူတို့နဲ့အတူ ချန်ပီယံလိဂ်နဲ့လာလီဂါမှာ အောင်မြင်ချင်ပါတယ်။ နိုင်ငံအသင်းနဲ့လည်း အောင်မြင်မှုရချင်ပါတယ်။ အာဂျင်တီးနားအသင်းနဲ့အောင်မြင်မှုရဖို့ အလွန်နီးစပ်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ အသင်းလိုက်အောင်မြင်ဖို့က ကျွန်တော့်ရဲ့ဦးစားပေးပါပဲ” ဟု မက်ဆီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly