လီယိုနာဒိုဒါဗင်ချီ ပန်းချီကားအား ဒေါ်လာ သန်း ၄၅၀ ဖြင့် လေလံဆွဲသွားသူက ဆော်ဒီမင်းသားဖြစ်နေ

လီယိုနာဒိုဒါဗင်ချီ ပန်းချီကားအား ဒေါ်လာ သန်း ၄၅၀ ဖြင့် လေလံဆွဲသွားသူက ဆော်ဒီမင်းသားဖြစ်နေ

လီယိုနာဒိုဒါဗင်ချီ၏ Salvator Mundi ပန်းချီကားကို ပြီးခဲ့သည့်လအတွင်းက အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖြင့် လေလံဆွဲသွားသည့် ပဟေဠိဖြစ်နေသော ၀ယ်ယူသူသည်   ဆော်ဒီမင်းသားတစ်ပါးဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းက ဒီဇင်ဘာ ၆ ရက်တွင် ဖော်ပြသည်။

ဂျီးဆက်ခရစ်အား ကိုယ်စားပြုသည့် ယခုပန်းချီကား၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးစျေးဖြင့် လေလံဆွဲ ၀ယ်ယူလိုက်ခြင်းလည်းဖြစ်သည်။

ပန်းချီကားကို လေလံတင်သည့် Christie လေလံရုံးက တစ်ဦးတစ်ယောက်လက်ထဲ ပန်းချီကား ရောက်ရှိသွားပြီဖြစ်သည်ဟုသာ ပြောဆိုသည်။

လေလံဆွဲသွားသူသည် ဆော်ဒီမင်းသား ဘာဒါဘင်အဗ္ဗဒူလာဘင်မိုဟာမတ်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ်က ၎င်းရရှိသည့် မှတ်တမ်းများကို ကိုးကားလျက် သတင်းဖော်ပြသည်။

မင်းသား ဘာဒါသည် ဆော်ဒီအာရေဗျ တော်ဝင်အသိုင်းအဝိုင်းတွင် အစွန်းအဖျား မင်းသားတစ်ပါးဖြစ်ပြီး လူသိနည်းသူတစ်ဦးဖြစ်ကြောင်း၊ ပန်းချီကား ၀ယ်ယူစုဆောင်းသည့် အတွေ့အကြံုရှိသူဟုလည်း မကြားဖူးကြောင်း ယင်းသတင်းစာက ဖော်ပြသည်။

ကာယကံရှင် ဆော်ဒီမင်းသားအား သတင်းစာက ကိုယ်တိုင်ကိုယ်ကျ လှမ်းမေးမြန်းသော်လည်း ၎င်းက တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

အဆိုပါ Salvator Mundi ပန်းချီကားကို ယူအေအီးနိုင်ငံ အဘူဒါဘီတွင် အများပြည်သူအား နောက်ပိုင်းတွင် ခင်းကျင်းပြသထားမည်ဆိုသော ကြေညာချက် ထွက်ပေါ်သည့် တစ်နေ့တည်းမှာပင် နယူးယောက်တိုင်းမ်စ်က ၀ယ်ယူသူ မည်သူဖြစ်ကြောင်း သတင်းကို ဖော်ပြလာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly