မန်စီးတီးအသင်းကို အနိုင်ရပြီးနောက် Zorro မျက်နှာဖုံးတပ်ပြီး အောင်ပွဲခံတဲ့ ရှက်တာဒိုးနက်နည်းပြ

မန်စီးတီးအသင်းကို အနိုင်ရပြီးနောက် Zorro မျက်နှာဖုံးတပ်ပြီး အောင်ပွဲခံတဲ့ ရှက်တာဒိုးနက်နည်းပြ

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ရှက်တာဒိုးနက်အသင်း နည်းပြ ပေါ်လိုဖိုစီကာက Zorro မျက်နှာဖုံးဝတ်ဆင်ကာ အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းကလပ်အသင်းက မန်စီးတီးရဲ့ ၂၉ ပွဲမှာ ပထမဆုံး ရှုံးပွဲကြံုတွေ့စေခဲ့ပြီး အုပ်စု F မှာ ဂွာဒီယိုလာအသင်းရဲ့ နောက် အုပ်စုဒုတိယဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဖိုစီကာက သူဟာ ရှက်တာဒိုးနက်အသင်း နောက်တစ်ဆင့် တက်လှမ်းခဲ့မယ်ဆိုရင် Zorro ရုပ်ရှင်ကားထဲကအတိုင်း ဝတ်ဆင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြဖြစ်သူ ဖိုစီကာဟာ ကတိပေးထားတဲ့အတိုင်း  သူ့ရဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မျက်နှာဖုံး၊ ဦးထုပ်နှင့် ဝတ်ရုံကို ဝတ်ဆင်ခဲ့ပါတယ်။

“ဒါဟာ ကျနော့် နည်းပြဘဝမှာ အပျော်ဆုံး သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်။”လို့ မကြာသေးခင်က အဲဗာတန်နည်းပြရာထူးအတွက် ချိတ်ဆက်ခံခဲ့ရသူ ဖိုစီကာက ပြောပါတယ်။

“ကျနော် အလွန်ပျော်ရွှင်တယ်လို့ ခံစားရပါတယ်။ ရှက်တာဒိုးနက်ရဲ့ ပရိသတ်တွေသာ မဟုတ်ဘဲ ယူကရိန်းသားတွေအားလုံးဟာ ကျနော်တို့အသင်းအတွက် ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်။”လို့ ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly