အမျိုးသမီးရုပ်ရှင်အရာရှိ တစ်ဦးအား လည်ပင်းညှစ်တိုက်ခိုက်ခဲ့သော မင်းသား Emile Hirsch ထောင်ဒဏ် ၁၅ ရက် ကျခံရမည်

အမျိုးသမီးရုပ်ရှင်အရာရှိ တစ်ဦးအား လည်ပင်းညှစ်တိုက်ခိုက်ခဲ့သော မင်းသား Emile Hirsch ထောင်ဒဏ် ၁၅ ရက် ကျခံရမည်

အမေရိကန် နာမည်ကျော် ရုပ်ရှင်မင်းသား Emile Hirsch က သူသည် ဇန်နဝါရီလက Sundance ရုပ်ရှင်ပွဲတော်ကာလတွင် အမျိုးသမီး ရုပ်ရှင်အမှှုဆောင် အရာရှိတစ်ဦးကို လည်ပင်းညှစ် တိုက်ခိုက်ခဲ့ မိကြောင်း ဝန်ခံပြောကြားခဲ့သည်။

Into The Wild ဇာတ်ကားထဲမှ သရုပ်ဆောင် သည် ထိုကဲ့သို့ တိုက်ခိုက်စော်ကားခဲ့ခြင်းအတွက် ထောင်ဒဏ် ၁၅ ရက် ကျခံရမည် ဖြစ်သည်။ တရားလိုရှေ့နေများနှင့် သဘောတူညီချက် ရယူထားသော အသနားခံစာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ပရဟိတ လုပ်ငန်းများကို နာရီ ၅၀ လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့ပြင် ဒဏ်ငွေ ဒေါ်လာ ၄၇၀၀ ကျော်ကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။

Park City ရှိ နိုက်ကလပ် တစ်ခုတွင် မင်းသား Hirsch သည် Insurge Pictures မှ အမှှုဆောင် အရာရှိ Daniele Bernfeld ကို လည်ပင်းညှစ်ခဲ့ခြင်း ဖြစ်ကြောင်း Daniele Bernfeld က ရဲများအား ပြောခဲ့ သည်။

မင်းသား Hirsch တင်သွင်းသော အသနားခံစာကို တနင်္လာနေ့က သဘောတူညီနိုင်ခဲ့သဖြင့် Hirsch သည် ထောင်ဒဏ် ၅ နှစ် ကျခံရမည့် အရေးကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံခဲ့ရသူ မစ္စ Bernfeld က ထိုတိုက်ခိုက်မှှုသည် သူ့အား ကာလကြာရှည်စွာ ထိခိုက်နစ်နာစေကြောင်း ဆိုခဲ့သည်။

မစ္စ Bernfeld ၏ ကြေညာချက်ကို တရားရုံးတွင် ဖတ်ကြားခဲ့ရာ Hirsch ၏ လည်ပင်းညှစ် တိုက်ခိုက်မှှုကို ခံခဲ့ရစဉ်က သေဆုံးရတော့မည်ဟု ထင်မှတ်ခဲ့ကြောင်း ထိုကြေညာချက်ထဲတွင် ဆိုထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly