နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် UNFC ခေါင်းဆောင်များသို့ အကြံပြုအိတ်ဖွင့်ပေးစာပေးပို့

နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် UNFC ခေါင်းဆောင်များသို့ အကြံပြုအိတ်ဖွင့်ပေးစာပေးပို့

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး အကြံပြုထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပဒိုစောတာဒိမူး၊ ခူဦးရယ် တို့ဆီကို CSFoP အဖွဲ့က ပေးခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၉၂ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့ အကြံပြုစာကို ပေးပို့ခဲ့တာပါ။

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆွေးနွေးအကြံပြုထားတဲ့ အချက် ၃ချက်ကို အဓိကထားဆွေးနွေးပြီးပေးပို့ခဲ့တယ်လို့ CSFoP အဖွဲ့ရဲ့လုပ်ငန်းကော်မတီဝင် မိကွန်းချန်းနွန်က ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့တွေမှာ ပန်ဒါဟိုတယ်မှာဆွေးနွေးခဲ့ကြပြီး ဒီနေ့ နေ့လည် မှာတော့ အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ရန်ကုန်မြို့အော်ခစ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ ကျင်းပခြင်း၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ကြတဲ့ အချက်တွေကို အကြံပြု အိပ်ဖွင့်ပေးစာပေးဖို့ခဲ့တာပါ။

နိုင်ငံရဲ့ခေါင်းဆောင်တွေမသိသေးတဲ့အချက် အနည်းကို သိအောင်ပေးပို့ရခြင်းဖြစ်တယ်လို့ ရွှေတောင် ကျောင်းတိုက် ဆရာတော်ဥူးသြဘာသာက  မိန့်ကြားပါတယ်။

တာဝန်ရှိသူတွေကိုပေးတဲ့ အိပ်ဖွင့်ပေးစာထဲမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးတွေကြေညာချက်တွေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့၊ အလေးအနက်တိုက်တွန်းထားပါတယ်။ အစိုးရအနေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမြင်ရှင်းလင်းမှုမရှိပါက ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးအဖြေရှာရန်အကြံပြုပါတယ်လို့လည်း ဖော်ပြထားပါတယ်။

သတင်းစာရှင်းလင်းပွဲကို ကချင်ပြည်နယ်က တက်ရောက်လာတဲ့ ကချင်အမျိုးသားလူမှုဖွဲ့ဖြိုးရေးဖောင်ဒေးရှင်း က တိန်ဘားကိုင်ရာက  စစ်ပွဲဖြစ်ရာဒေသတွေက ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်လန့်စွာ အသက်ရှင် နေရတယ်လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly