မန်ချက်စတာဒါဘီတွင် ဆေးလ်ဗားပါ၀င်ရန် မသေချာဆိုခြင်းမှာ ဂွါဒီယိုလာလိမ်လည်ခြင်းဟု မော်ရင်ဟိုဆို

မန်ချက်စတာဒါဘီတွင် ဆေးလ်ဗားပါ၀င်ရန် မသေချာဆိုခြင်းမှာ ဂွါဒီယိုလာလိမ်လည်ခြင်းဟု မော်ရင်ဟိုဆို

ဒီဇင်ဘာ ၆၊ အင်္ဂလန်။          ။ မန်ချက်စတာဒါဘီပွဲစဉ်တွင် ဒေးဗစ်ဆေးလ်ဗားပါ၀င်ရန် မသေချာဟု မန်စီးတီးနည်းပြဂွါဒီယိုလာ ပြောဆိုခဲ့ခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည်ဟု မန်ယူနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

မန်ယူအသင်းမှာ လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် ၈ မှတ်ကွာဟလျက်ရှိနေပြီး လာမည့် တနင်္ဂနွေနေ့တွင် မန်ချက်စတာဒါဘီ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မန်စီးတီးကွင်းလယ်လူဆေးလ်ဗားမှာ ရှက်တာဒိုးနက်နှင့်ချန်ပီယံလိဂ်ပွဲတွင် ပါ၀င်ခြင်းမရှိခဲ့ပဲ ဂွါဒီယိုလာက မန်ချက်စတာဒါဘီကိုပါ လွဲချော်နိုင်သည်ဟု ပြောဆိုခဲ့သည်။ ယခင်တစ်ပတ်က အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက မန်ယူနှင့်ပွဲမတိုင်ခင် လာကာဇက်တီ မပါနိုင်ဟု ဆိုခဲ့သော်လည်း ပွဲနေ့တွင် ထည့်သွင်းကစားသွားခဲ့သည်။

မော်ရင်ဟိုအား သတင်းထောက်မျးက ဒဏ်ရာရ ပွဲပယ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် “အမှန်ကို သိချင်လား၊ ဘိုင်လီ မကစားနိုင်ဘူး၊ ဖေးလ်ဂျူံးကစားနိုင်မယ်၊ ဖယ်လိုင်နီကစားနိုင်မယ်၊ မိုဗစ် ကစားဖို့ အခွင့်အရေးအကြီးကြီးရှိတယ်။ မာတစ် ဒဏ်ရာရနေတယ်။ ဒါပေမဲ့ သူသေချာပေါက် ကစားမယ်။ ကာရစ်ကတော့ မကစားနိုင်ဘူး။

ကျွန်တော်က အမှန်တွေပဲ ပြောတယ်။ လာကာဇက်တီနဲ့ဆေးလ်ဗားတို့လို ပုံပြင်တွေရှိလာမှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly