မြန်မာနိုင်ငံကို ကုလသမဂ္ဂဝေဖန်မှုအပေါ် တရုတ်ကာကွယ်

မြန်မာနိုင်ငံကို ကုလသမဂ္ဂဝေဖန်မှုအပေါ် တရုတ်ကာကွယ်
Photo-EPA
 

ဒီဇင်ဘာ ၆ ။          ။ မြန်မာနိုင်ငံအတွင်းမှ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အင်္ဂါနေ့တွင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သော်လည်း  တရုတ်နိုင်ငံက မြန်မာဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။

ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုအဖြစ်  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စွပ်စွဲခဲ့ပြီး   ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကိုအဆိုပြုခဲ့သည်။

အနောက်နိုင်ငံများနှင့် အာရပ်နိုင်ငံများသည် ဘင်္ဂါလီများနေထိုင်ရာဒေသများတွင် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

သို့သော် တရုတ်နိုင်ငံသည် ထိုဝေဖန်မှုများကို ပြစ်တင်ပြောဆိုခဲ့ပြီး လက်ရှိဖြစ်ပွားနေ သည့် ပြဿနာများအား အဖြေရှာရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံ၏ အားထုတ်မှုကို ထောက်ခံကြောင်း   ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။

ကောင်စီကအဆိုပြုခဲ့သည့် ထိုဆုံးဖြတ်ချက်မူကြမ်းထဲ၌ မြန်မာအစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ပြဿနာများအပေါ် အကူအညီပေးမည့် ကုလသမဂ္ဂမစ်ရှင်နှင့်အတူ  စုံစမ်းစစ်ဆေးခွင့်ပေးရန်နှင့် ဘင်္ဂါလီများအပေါ် တရားမျှတစွာဆောင်ရွက်ရန် တောင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားက ထိုကဲ့သို့အဆိုပြုခဲ့သော်လည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံချက်ကို ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

တရုတ်နှင့် ဖိလစ်ပိုင်အပါအဝင် ၃ နိုင်ငံက ထိုမူကြမ်းကို ကန့်ကွက်မဲပေးခဲ့ပြီး ဂျပန်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ရ နိုင်ငံက ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

ဂျပန်ကိုယ်စားလှယ်က စုံစမ်းစစ်ဆေးမှုသည် အရေးပါသည်မှာမှန်သော်လည်း မြန်မာအစိုးရနှင့်အတူ မည်ကဲ့သို့ ရှေ့ဆက်လုပ်ဆောင်ရန် အပြန်အလှန်ဆွေးနွေးဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်ကမူ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်မူကြမ်းသည် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်း ဖြစ်ပြီး ကုလသမဂ္ဂ၏ အခြေခံအချက်အလက်များသည် အဖြစ်မှန်ကင်းမဲ့နေကြောင်း အခိုင်အမာပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို လက်ခံခြင်းမရှိဟု မပြောကြားမီတွင် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အိုးအိမ်စွန့်ခွာထွက်ပြေးသွားသည့် ပြည်သူများကို   နိုင်ငံရင်းသို့ပြန်ပို့ရေးအတွက် သဘောတူညီချက်ရရှိထားသည်ကို နားလည်ထားဖို့လိုကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly