ဒုတိယအကြိမ်မြောက် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

ဒုတိယအကြိမ်မြောက် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
ဓာတ်ပုံ - RPL/RiA
 

 

စစ်တွေ၊ ဒီဇင်ဘာ ၆ ရက်။                                  ။ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပလျက်ရှိသည်။

ပထမအကြိမ် ဖိုရမ်ကို ပြီးခဲ့သည့် ၆ လက နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်အား စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမ၌ ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ရ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပနေခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်နှင့် သဘောတူညီချက်မရသေးသောကြောင့် ကျင်းပခွင့် မရရှိသေးသည့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးလဆွေးနွေးပွဲအား ကျင်းပခွင့် ရရှိလာပါက ထို ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည့် အရပ်ဖက် အဖွဲ့အစည်းများ၏ တင်ပြချက်များအတွက် ယခု ဖိုရမ်ကို ကျင်းပရခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

“ NCA စာချုပ်မှာပါတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အရပ်ဖက်အဖွဲ့အစည်းများ အကြောင်းအရာလိုက် ဆွေးနွေးမှုကဏ္ဍကို အရပ်ဖက်အဖွဲ့အစည်းက အသံတွေကို စုမိဖို့အတွက် တိုင်းနှင့်ပြည်နယ်အလိုက် ငြိမ်းချမ်းရေးဖိုရမ်တွေ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို ပြုလုပ်တယ်။ နောက်ဆို မြို့နယ်တွေမှာ ကော်မတီတွေ တိုးချဲ့ဖွဲ့စည်းပြီး လူထုကြားမှာ ငြိမ်းချမ်းရေးနှင့် ဆိုင်တဲ့ ပညာပေးမှုတွေကို ပြောပြမယ်။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား လက်နက်ကိုင်နဲ့ စစ်တပ်တစ်ခုတည်းမဟုတ်။ လူထုအားလုံးပါ၀င်ရပါမယ်။” ဟ ုပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖိုရမ် ကော်မတီဝင် ဦးပြည်သိန်းက RiA သို့ ပြောသည်။

ယင်းအပြင် ဤဖိုရမ်၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးကဏ္ဍ၊ ဖက်ဒရာယ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးတို့ကို အလေးပေး ဆွေးနွေးသွားမည်ဟု ဖိုရမ်အား ဦးဆောင်ကျင်းပသူများ၏ ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly