ကယ်လီဖိုးနီးယား တောမီးကြောင့် အိမ်ခြေထောင်သောင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

ကယ်လီဖိုးနီးယား တောမီးကြောင့် အိမ်ခြေထောင်သောင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

နယူူးယောက်၊ ဒီဇင်ဘာ ၅ ။            ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဗန်တူရာစီရင်စုတစ်လွှား လောင်ကျွမ်းနေသော တောမီးမှာ လေတိုက်နှုန်းကြောင့် ပိုမိုမီးအား ကြီးလျက်ရှိသည်။

ဒီဇင်ဘာ ၅ ရက် နံနက်အစောပိုင်းအထိ စတုရန်းမိုင် ၄၀ ထက်မနည်း တောမီးလောင်ကျွမ်းနေပြီဖြစ်သည်။

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် အိမ်ခြေပေါင်း ထောင်သောင်းများစွာ ရှိကြောင်း ဒေသခံများက ပြောသည်။

“တကယ်ပဲ ကြောက်မက်ဖွယ် ဆိုးဝါးတယ်။ မီးလောင်ရာ လမ်းကြောင်းမှာ လောင်စာတွေလည်း ရှိနေတယ်။ လေကလည်း အခြေအနေကို ပိုဆိုးစေတယ်။ တကယ် ကြောက်စရာအခြေအနေပဲ။”ဟု ဒေသခံတစ်ဦးဖြစ်သူ ဂျွန်အင်ဒရူးက ပြောသည်။

အဆိုပါ တောမီးသည် လူဦးရေ တစ်သိန်းကျော်ရှိသော ဗန်တူရာမြို့သို့ ချည်းကပ်လာမည့် အခြေအနေလည်း ရှိနေသည်။

“အားလုံးက သတိဝိရိယ ထားနေကြတယ်။ ဘာဆက်ဖြစ်လာမလဲ သိချင်နေတယ်။ ခုထိ လူနေအိမ်တွေဖက် မရောက်သေးလို့တော့ ဝမ်းသာရပါတယ်။”ဟု ဂျွန်အင်ဒရူးက ဆိုသည်။

မီးကို ပိုမိုဆိုးဝါးစေသည့် တစ်နာရီ မိုင် ၄၀ နှုန်း လေတိုက်နှုန်းမှာ မိုင် ၆၀ နှုန်းအထိ ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

အာဏာပိုင်များက မီးအတွင်း အဆောက်အအုံနှစ်လုံး ပျက်စီးခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက် ညက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly