ရသစုံ ခံစားကြည့်ရှု့ရမည့် သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကား

ရသစုံ ခံစားကြည့်ရှု့ရမည့် သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကား

ရန်ကုန် ၊ ဒီဇင်ဘာ ၅ ။         ။ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေး၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) မှ ပုံဖော် ရိုက်ကူးထားသည့် သားပိုက်ကောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီ ရုံတင်ပြသ သွားတော့မည် ဖြစ်သည်။

ဇာတ်လမ်း စျာန်သခင်သွေး ၊ ဇာတ်ညွှန်း  နေစိုးသော် ဖြစ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) မှ ရိုက်ကူး ထားကာ သရုပ်ဆောင်များ အဖြစ် အကယ်ဒမီ ထွန်းထွန်း ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊ ရွှေသမီး နှင့် သရုပ်ဆောင် များစွာတို့မှ ပါ၀င် သရုပ်ဆောင် ထားကြသည်။

သားပိုက်ကောင် ရုပ်ရှင် ဇာတ်ကား သည် သဘာဝဆန်သည့် ဟာသ ၊ အချစ်ဇာတ်လမ်း ဆန်းဆန်းလေးတွေ
မိဘမေတ္တာ ချစ်ခြင်းတရားတွေ ၊ ကြေကွဲဝမ်းနည်းမူ့တွေ စသည့် ရသအစုံပါဝင်အောင် ဒါရိုက်တာ မှ ရိုက်ကူး ပုံဖော် ထားသည်။

ထိုဇာတ်ကားတွင် သရုပ်ဆောင် စိုးမြတ်သူဇာ မှ ထွန်းထွန်း ၏ အဘွားဖြစ်သူ နေရာတွင် ပါ၀င် သရုပ်ဆောင် ထားပြီး မြေအဘွား သံယောဇဉ်တွေ ၅၂၈ သံယောဇဉ် ဖော်ကျူးထားမှုများကို ထိုဇာတ်ကားတွင်တွေ့မြင်ရမည် ဖြစ်သည်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) သည် ဒရမ်မာ ဇာတ်ကားများကို ရိုက်ကူးမှု များခဲ့သည့် ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး မကြာခင် ရုံတင် ပြသတော့မည် သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကား သည် ၎င်းအတွက် ရှားရှားပါးပါး အချစ်ဟာသ ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) အနေဖြင့် လက်ရှိတွင် '' ကျွေးတဲ့လက် '' ဟု အမည်ပေး ထားသည့် ရုပ်ရှင်ဇာတ်ကား  သရုပ်ဆောင် ထွန်းထွန်း ၊ နေမျိုးအောင် ၊ ထွန်းကိုကို၊ မိုးယံဇွန်၊ ခင်လှိုင် ၊ မေသန်းနု ၊ ရွှေသမီး တို့ ဖြင့် ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly