သံဃာတု ဟုဆိုကာ ရိုက်နှက်ခဲ့သူ ၂ ဦးတွင် လူဝတ်လဲထားသော ကျောင်းထိုင်ဆရာတော် ပါ၀င်နေ

သံဃာတု ဟုဆိုကာ ရိုက်နှက်ခဲ့သူ ၂ ဦးတွင် လူဝတ်လဲထားသော ကျောင်းထိုင်ဆရာတော် ပါ၀င်နေ
ဓာတ်ပုံ - Yangon police

 

ရန်ကုန် ဒီဇင်ဘာ ၅ ။             ။ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဆရာတော်ဦးဣန္ဒက အား သံဃာတုဟု ဆိုကာ ရိုက်နှက်ထိုးကြိတ်ခဲ့သူ    ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် ၂ ဦးအား ဖမ်းဆီးမိပြီဖြစ်ကြောင်း ရန်ကုန်တုုိင်းရဲတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်လိုက် သည်။

ပြစ်မှုကျူးလွန်သူ ကျောင်းထိုင်ဆရာတော်သည် မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရက်သေစာသောက် စားခြင်း များ မကြာခဏပြုလုပ်တတ်၍ ကျေးရွာနှင့် အဆင် မပြေသော ဘုန်းကြီးတစ်ပါးဖြစ်ပြီး  အဆိုပါစားသောက်ဆိုင်သို့ Facebook မှ တဆင့် ရည်းစားခဲ့သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ (၂) စားသောက်ဆိုင်သို့   ရောက်ရှိ သောက်စားနေစဉ် ၀င်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူ အောင်မိုးအား ဖမ်းဆီးမိပြီး နောက် ထွက်ပြေးတိမ်ရှောင်နေသည့် ကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်သူ ဥူးပညာသာရ (ခ) မြင့်ကျော်(ခ)မြင့်သိန်း(၄၃ )နှစ်အား ပဲခူးတိုင်းဒေသ ကြီး ၊ လက်ပံတန်းမြို့နယ်တွင် ဖမ်းဆီးမိပြီဖြစ် ကြောင်း Yangon police လူမှုကွန်ယက် စာမျက် နှာမှ တစ်ဆင့် ယနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲက ပြစ်မှု ကျူးလွန်သူ အောင်မိုး(၄၅) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ဥူးပညာသာရ အား ၎င်းလိပ်စာပေးခဲ့ သည့် ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်း ကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် ဖမ်းဆီီးရမိခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ ကျောင်းထိုင်ဆရာတော်သည် ပြစ်မှုကျူးလွန်ပြီးနောက် လက်ပံတန်းသို့ ပြန်သွားပြီး သင်္ကန်းပြန်ဝတ်ကာ အေးမြစံပျော် ကျောင်းတွင် ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် Facebook တွင် ဘုန်းကြီးတစ်ပါးရိုက်နှက်ခံနေ ရသည့်ဖြစ်စဉ်များပျံ့နှံ့နေသည့်အတွက် ဖမ်းဆီးခံ ရမည်ကို ကြောက်ရွံ့သဖြင့် အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင် နေစဉ် ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့က ရဲတပ်ဖွဲ့က သိက္ခာချလူဝတ်လဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆောင် ရွက်ရန် ဝန်းရံပေးသွားမည်ဟု တရားစီရင်ရေး ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံ စာများ စိစစ်ရေးကော်မတီအဖွဲ့ဝင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က မဇ္ဈိမသို့ ပြော သည်။

" ကျောင်းထိုင်ဆရာတော်ကိုလည်း မိထားတယ် လို့ သိရပါတယ်၊ အဲဒီတော့ ဒီကိစ္စကို မှန်မှန်ကန်ကန် နဲ့ ထိထိရောက်ရောက် ဥပဒေနဲ့အညီဆောင်ရွက်နိုင် ဖို့ အတွက် ကျွန်တော်တို့တွေ နီးနီးကပ်ကပ် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့က ဒီကိစ္စကို ဝန်းရံရမယ့်အနေအထားဖြစ်ပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က လှည်းကူး မြို့နယ်၊ ဘုရားသုံးဆူကျေးရွာ၊ ရမ္မာဝတီကျောင်းတိုက် နေ ဥူးဣန္ဒက ၊ သက်တော် (၆၉)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ လမင်းသာ(၂) စားသောက်ဆိုင်တွင်ဆိုင်ရှင်နှင့် ၄င်းတို့ ၂ ဦးက ရိုက်နှက်ခဲ့ကြကြောင်း၊ ဥူးဣန္ဒက၏ လက်ဆွဲအိတ်အတွင်းမှ ငွေကျပ် ၅ သိန်းပျောက်ဆုံးခဲ့ကြောင်းသိရသဖြင့် ထောက်ကြန့် နယ်မြေ ရဲစခန်း (ပ)၁၂၅၆/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅/၂၉၅-က/၃၂၃/၄၀၃/၁၁၄ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly