Bohemian Rhapsody ရုပ်ရှင်ရိုက်ကူးရေးမှ ဒါရိုက်တာဘရိုင်ယန်ဆင်ဂါအား ထုတ်ပယ်

Bohemian Rhapsody ရုပ်ရှင်ရိုက်ကူးရေးမှ ဒါရိုက်တာဘရိုင်ယန်ဆင်ဂါအား ထုတ်ပယ်

ဒီဇင်ဘာ ၅။            ။ တစ်ခါတစ်ခါက နာမည်ကျော်ကြားခဲ့သည့် ဗြိတိန်ရော့ခ်ဂီတအဖွဲ့ Queen မှ ဦးဆောင်အဆိုတော်တစ်ဦးဖြစ် သော ဖရက်ဒီမာကျူရီ၏ ဘဝဇာတ်လမ်းကို ပုံဖော်ရိုက်ကူးမည့် Bohemian Rhapsody ရုပ်ရှင်၏ ရိုက်ကူးရေး မှ ဒါရိုက်တာဘရိုင်ယန်ဆင်ဂါကို ထုတ်ပယ်ခဲ့သည်။

Twentieth Century Fox  ရုပ်ရှင်စတူဒီယိုက ဘရိုင်ယန်ဆင်ဂါသည် ယင်းရုပ်ရှင်၏ ဒါရိုက်တာမဟုတ်တော့ ကြောင်း ကြေညာခဲ့ပြီး အတွင်းသတင်းများအရ ယုံကြည်ကိုးစား၍မရသော အပြုအမူများကြောင့် သူ့ကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဘရိုင်ယန်ဆင်ဂါက သူသည်နာမကျန်းဖြစ်နေပြီး ရုပ်ရှင်စတူဒီယိုက သူ့အားအကူအညီမပေးချင် သောကြောင့် သူ့ကိုထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

တစ်ချိန်တည်းတွင် Hollywood Reporter သတင်းဝက်ဘ်ဆိုက်က ဆင်ဂါသည် ခေါင်းဆောင်မင်းသားဖြစ်သူ ရာမီမာလက်ခ်နှင့် အချင်းများခဲ့သလို ရုပ်ရှင်ရိုက်ကူးရေးကို အခြေအနေအမျိုးမျိုးကြောင့် လာရောက်နိုင်ခြင်း မရှိသည့်အတွက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းတင်ပြခဲ့သည်။

သူ၏ရှေ့နေမှတဆင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ The Usual Suspects၊ Superman Returns နှင့် X-Men ရုပ်ရှင်များ၏ ဒါရိုက်တာဖြစ်သော ဘရိုင်ယန်ဆင်ဂါက Bohemian Rhapsody ရုပ်ရှင်သည် သူအရူးအမူး ဖြစ်သည့် ပရောဂျက်တစ်ခုဖြစ်ပြီး ယင်းအား ပြီးဆုံးအောင် မလုပ်ဆောင်နိုင်သည့်အတွက် စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည်။

Bohemian Rhapsody ရုပ်ရှင်ရိုက်ကူးရေးကို ဗြိတိန်၌ပြုလုပ်နေပြီး ယခုလိုအပြောင်းအလဲများရှိနေသေ်ာလည်း နဂိုစီစဉ်ထားသည့်အတိုင်း လာမည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၌ ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly