မိုဗစ်၏စံချိန်ကိုချိုးရန်ထက် အသင်းအောင်မြင်ရန်သာ အာရုံစိုက်ထားသည်ဟု ကာဗာနီ ဆို

မိုဗစ်၏စံချိန်ကိုချိုးရန်ထက် အသင်းအောင်မြင်ရန်သာ အာရုံစိုက်ထားသည်ဟု ကာဗာနီ ဆို

ဒီဇင်ဘာ ၅၊ ပြင်သစ်။             ။ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ကာဗာနီက အီဗရာဟီမိုဗစ်၏ ကလပ်အသင်းဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်ရန်ထက် အသင်းအောင်မြင်မှုရရှိရေးကိုသာ အာရုံစိုက်ထားကြောင်း ပြောဆိုလိုက်သည်။

ယုခုနှစ်ရာသီတွင် ကာဗာနီသည် ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၃ ဂိုးအထိသွင်းယူပေးထားပြီး မိုဗစ်၏စံချိန်ကို လိုက်မီရန် သွင်းဂိုး ၃ ဂိုးသာ လိုအပ်တော့သည်။

“မိုဗစ်ရဲ့စံချိန်ကို ချိုးနိုင်တဲ့ အချိန်က ရောက်လာပါလိမ့်မယ်။ ကစားသမားတိုင်းအတွက် ဒီလို စံချိန်ရရှိတာက တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘယ်လိုလူမျိုးလဲဆိုတာ အသင်းမှာ ရှိနေတဲ့သူတွေအားလုံးသိပါတယ်။

တစ်ဦးချင်း အောင်မြင်မှုထက် အသင်းလိုက်အောင်မြင်မှုရဖို့ကိုပဲ ပိုပြီး အာရုံစိုက်ပါတယ်။ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပေးနိုင်ဖို့ပဲ ကြိုးစားပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်တို့အားလုံးအနိုင်ရဖို့ပါပဲ။ ရာသီအကုန်မှာ ဆုဖလားတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ကာဗာနီက ပြောဆိုခဲ့သည်။

ကာဗာနီသည် ပီအက်စ်ဂျီအသင်းတွင် ၂၀၁၃ ခုနှစ်က စတင်ကစားခဲ့ပြီး စုစုပေါင်းသွင်းဂိုး ၁၅၃ ဂိုးသွင်းယူပေးထားသည်။ ယခုနှစ်ရာသီတွင်လည်း ပြိုင်ပွဲပေါင်းစုံတွင် အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly