၂၀၁၆ ခုနှစ်အတွင်း HIV ကူးစက်ခံရသူများမှာ မူးယစ်ဆေးမှ အများဆုံးဖြစ်

၂၀၁၆ ခုနှစ်အတွင်း HIV ကူးစက်ခံရသူများမှာ မူးယစ်ဆေးမှ အများဆုံးဖြစ်
ဒဂုံအရှေ့မှာရှိတဲ့ ခုခံအားကျဆင်းရောဂါကာကွယ်ရေးနဲ့ ကူညီစောင့်ရေးဂေဟာတစ်ခုကို တွေ့ရစဉ်

 

နေပြည်တော်၊ ဒီဇင်ဘာ ၅ ။                ။ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံနေရသူ တစ်ရက်လျှင် ၃၀ ဦးနှုန်းခန့် ကူးစက် ခံခဲ့ရပြီး မူးယစ်ဆေးမှ အများဆုံးဖြစ်ကြောင်း   ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)ဒေါက်တာ သန္တာလွင်က ပြောသည်။

ကူးစက်ခံရမှုမှာ မူးယစ်ဆေးမှ အများဆုံးဖြစ်ပြီး လိင်တူ ဆက်ဆံသူများ၊ အမျိုးသားလိင်လုပ်သားများတွင် အဖြစ်များကာ အမျိုးသမီး လိင်လုပ်သားများမှာမူ  အနည်းဆုံး ကူးစက်ခံခဲ့ရကြောင်း HIVပိုး ကူးစက် ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ သိရသည်။

 “မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများမှာ ၂၉ ရာခိုင်နှုန်း ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်း၊ အမျိုးသားလိင်လုပ်သားများတွင်  ၂၃ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများတွင်  ရ ရာခိုင်နှုန်း၊ ထိ ရှိပြီးတော့ ရောဂါပိုး ကူးစက်ခံရသူ အသစ် စုစုပေါင်း ရ၀ ရာခိုင်နှုန်းကျော်ထိ ရှိနေတယ်”ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်က ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဥး်မနားမြို့ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တွင် ယနေ့ ဒီဇင်ဘာ ၅ရက်နေ့က ကျင်းပပြုလုပ်သော ၂၁၀၇ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်း တွင် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

AIDS Epidemic Model(AEM)ဖြင့် ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံအတွင်း HIV ပိုးရှိ လူဦးရေ ၂၂၅၀၀၀ ခန့်ရှိပြီး တစ်နေ့လျှင် လူ ၃၀ နှုန်းဖြင့် ကူးစက်ခံရသူ လူအသစ် ၁၁၀၀၀ ခန့် ရှိခဲ့ခြင်း ဖြစ်သည်။

HIV ရောဂါပိုးသည် တစ်နိုင်ငံလုံး အတိုင်းတာအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံး ဖြစ်နေကြောင်း HIVပိုး ကူးစက် ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ  သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၅ ခုနှစ်မှ စပြီး HIV/AIDS လူနာများကို မိတ်ဖက် အဖွဲ့အစည်းများနှင့် ART ဆေး ဖြင့် ကုသခြင်းကို လုပ်ဆောင်ခဲ့ရာမှာ ၂၀၁၁ ခုနှစ်တွင် HIV ပိုးရှိသူ ၂၃၀၀၀၀ ကျော်ရှိသည့်အနက် ၄သောင်း ခန့်ကိုသာ ဘဝတစ်သက်တာ သောက်ရမည့် အေအာတီဆေး (Longlife ART) ဖြင့် ကုသပေးနိုင် ခဲ့ရာမှ ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိ လူနာ  တစ်သိန်းကျော်အား ကုသပေးခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly