Billboard အယ်လ်ဘမ် ၂၀၀ဇယား၌ သုံးပတ်ခန့်ဆက်တိုက်ဦးဆောင်နေသည့် တေလာဆွစ်၏ Reputation

Billboard အယ်လ်ဘမ် ၂၀၀ဇယား၌ သုံးပတ်ခန့်ဆက်တိုက်ဦးဆောင်နေသည့် တေလာဆွစ်၏ Reputation

ဒီဇင်ဘာ ၅။                  ။ အမေရိကန် Billboard မှထုတ်ပြန်သည့် အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယားတွင် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်၏ Reputation အယ်လ်ဘမ်က နံပါတ်တစ်နေရာ၌ သုံးပတ်ဆက်တိုက် ဦးဆောင်လျက်ရှိသည်။

တေလာဆွစ်၏ Reputation သည် ပြီးခဲ့သောအပတ်ကလည်း နောက်ထပ်အချပ်ရေ ၁၄၇၀၀၀ ခန့် ထပ်မံ ရောင်းချခဲ့ရကြောင်း Nielsen Music ၏ အဆိုအရ သိရသည်။

အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၏ နံပါတ်၂နေရာတွင် Pentatonix အဖွဲ့၏ A Pentatonix Christmas က ရပ်တည်နေပြီး ဗြိတိန်အဆိုတော် ဆမ်စမစ်၏ နောက်ဆုံးထွက်အယ်လ်ဘမ် The Thrill of it All က နံပါတ် ၃ နေရာ၌ ဆက်လက်ရပ်တည်လျက်ရှိသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

အွန်လိုင်းမှရောင်းချရမှုကိုရေတွက်၍ စာရင်းပြုစုထားသော ဒစ်ဂျစ်တယ်သီချင်းဇယားတွင် ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်း၏ အချစ်သီချင်းဖြစ်သော Perfect က နံပါတ် ၃ နေရာမှ နံပါတ် ၁ နေရာသို့ ခုန်တက်လာခဲ့ပြီး စုစုပေါင်း ကော်ပီ ၆၀၀၀၀ ခန့် ရောင်းချနိုင်ခဲ့သည်။

အက်ဒ်ရှီရန်းသည် Perfect သီချင်းကို အမေရိကန်မှနာမည်ကြီးအဆိုတော် ဘီယွန်းစေးနှင့် ပူးတွဲသီဆိုထား သည့်ဗားရှင်းအား ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖြန့်ချီခန့်ပြီး အမေရိကန် iTunes ဇယား၌ ထိပ်ဆုံးမှ ဦးဆောင်နေသလို Youtube မှလည်း နားဆင်မှုအကြိမ်ရေ ၂၄သန်းကျော်ခန့် ရရှိထားသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly