လွှတ်တော်အနီး ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းသူများကို ပဥ္စမ အကြိမ်မြောက် ရုံးထုတ်စစ်ဆေး

လွှတ်တော်အနီး ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းသူများကို ပဥ္စမ အကြိမ်မြောက် ရုံးထုတ်စစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၄ ။             ။ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးအနီးတွင် ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးပမ်းခဲ့သူများကို ယနေ့ ဒီဇင်ဘာ၄ရက်နေ့တွင်ဇဗ္ဗူသီရိ မြို့နယ် တရားရုံး၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ဖြင့် ပဥ္စမ အကြိမ်မြောက်  ရုံးထုတ်စစ်ဆေးခဲ့သည်။

နိုဝင်ဘာ ၁၀ရက်နေ့ ပထမဆုံးအကြိမ် ရုံးချိန်းအတွင်း နောက်တိုး ပုဒ်မတစ်ခုဖြစ်သော မြန်မာနိုင်ငံလေယာဉ်အက် ပုဒ်မ ဖြင့် ၄င်းတို့လေးဦးစလုံးကို ထောင်ဒဏ်၂လစီ ကျခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

ထောင် ၂လစီ ချမှတ်ခံထားရသူ လေးဦးမှာ  တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာန စင်ကာပူရုံးခွဲ က မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်္ကာပူနိုင်ငံသား LAU HON MENGနှင့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဘာသာပြန် ကိုအောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင် တို့ဖြစ်သည်။

ယနေ့ရုံးထုပ်တွင်  ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး ပြစ်ဒဏ် နှစ်ခါ ကျခံရမည်စိုးသောကြောင့် အယူခံတင်သွားမည်ဖြစ်ကြောင်း တရားစွဲခံရသူတွေဘက်မှ  ရှေ့နေ ဦးခင်မောင်ဇော်က  သတင်းထောက်များကို ပြောသည်။

“၂နည်းရှိပါတယ်။ တစ်နည်းက ကျွန်တော်တို့ ခရိုင်တရားရုံးကို အယူခံတက်ပါမယ်။ ပြင်ဆင်မှုတက်ပါမယ်။ နောက်တစ်ခါ သူက တရားလွှတ်တော်ကို အမှုကိုချေဖျက်ဖို့ ကျွန်တော်တို့ လျှောက်ပါမယ်”ဟု ၄င်းကပြောသည်။

နောက်လာမည့် ရုံးချိန်းအား ဒီဇင်ဘာ ၁၁ရက်နေ့သို့  ပြန်လည်ချိန်းဆိုခဲ့ပြီး ယခုစွဲဆိုထားသည့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈) အတွက် ကျန်ရှိသော တရားလိုပြသက်သေ များကို စစ်ဆေးသွားမည်ဖြစ်သည်။

 

 ယခုအမှုတွင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃/၁ ဖြင့်လည်း တရားဆွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly