အိန်ဂျလီနာ ဂျိုလီနဲ့ တူအောင်လို့ အကြိမ်ပေါင်း ၅၀ ခန့် မျက်နှာခွဲစိတ်မှုခံယူခဲ့တဲ့ အီရန်အမျိုးသမီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွား

အိန်ဂျလီနာ ဂျိုလီနဲ့ တူအောင်လို့ အကြိမ်ပေါင်း ၅၀ ခန့် မျက်နှာခွဲစိတ်မှုခံယူခဲ့တဲ့ အီရန်အမျိုးသမီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွား

ဒီဇင်ဘာ ၄ ။             ။ အီရန်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ကမ္ဘာကျော် ဟောလိ၀ုဒ် စတား အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်း တူချင်တဲ့အတွက် အကြိမ်ပေါင်း ၅၀ လောက် မျက်နှာခွဲစိတ်မှု ခံယူထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူမ ဖြစ်ချင်သလို ဖြစ်မလာခဲ့ဘဲ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ရပြီး အများက လူသေဖုတ်ကောင်လို့တောင် သမုတ်ခံရတဲ့အဖြစ်ကို ရောက်သွားခဲ့ရရှာပါတယ်။

အသက် ၁၉ နှစ်အရွယ် ဆာဟာ တက်ဘာ ဆိုသူ အီရန်အမျိုးသမီးငယ်လေးဟာ ဂျိုလီနဲ့ တူအောင်လို့ ခွဲစိတ်မှုခံယူခဲ့တယ်လို့ သိရပါတယ်။  သူမဟာ ကိုယ်အလေးချိန် လျော့အောင်လို့ တင်းကျပ်စွာ ချင့်ချိန် စားသောက်ခဲ့တာကြောင့် ယခုအချိန်မှာ ကိုယ်အလေးချိန်ဟာ ကီလို ၄၀ သာ ရှိနေပါတယ်။

သူမရဲ့ သူ့ဘာသာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Instagram ပေါ် တင်ရာကနေကနေ လူအများကြား ပျံ့နှံ့သွားခဲ့တယ်လို့ The Sun က ဖော်ပြပါတယ်။

ဓာတ်ပုံတွေထဲမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ သူမရဲ့ မျက်နှာပုံစံကို တွေ့ရသော်ငြားလည်း သူမရဲ့ followers ရ၄,၀၀၀ ကတော့ သူမ တကယ်ပဲ ခွဲစိတ်မှုခံယူထားတယ်ဆိုတာကို မယုံခဲ့ကြဘူးလို့ သိရပါတယ်။

ဓာတ်ပုံအများစုထဲမှာ သူမရဲ့ နှာခေါင်းနဲ့ ပါးရိုး တွေ နေရာချင်း မတူတာကို တွေ့ရသလို သူမ နှုတ်ခမ်းတွေဟာလည်း ဓာတ်ပုံတစ်ပုံနဲ့ တစ်ပုံယှဉ်ကြည့်ရင် အရွယ်စားချင်းမတူဘူးလို့ followers တွေက ကောမန့် ၀င်ရောက်ရေးသားခဲ့ကြတယ်လို့ The Sun က ဖော်ပြပါတယ်။

ဒါ့အပြင် သူမရဲ့ ပုံတွေကို ကြည့်ရတာ စိတ်မနှစ်မြို့စရာ ကောင်းပြီး သူမဟာ ဖုတ်ကောင်နဲ့ တူနေတယ်လို့လည်း ဆာဟာရဲ့ followers တွေက ရေးသားခဲ့ကြတယ်လို့ Daily Mail က ဖော်ပြပါတယ်။

ယခုလို သူမ ပုံပျက်ပန်းပျက်ဖြစ်နေတာက မိတ်ကပ်နဲ့ ပြင်ထားလို့ ဒါမှမဟုတ် ဓာတ်ပုံတွေကို ဖိုတိုရှော့နဲ့ ပြင်ထားတာလို့တောင် တစ်ချို့က ထင်နေခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly