သြစတြေးလျ လွှတ်တော်အမတ်တစ်ဦးက ၎င်း၏ လိင်တူချစ်သူကို ပါလီမန်မှာပဲ လက်ထပ်ခွင့်တောင်း

သြစတြေးလျ လွှတ်တော်အမတ်တစ်ဦးက ၎င်း၏ လိင်တူချစ်သူကို ပါလီမန်မှာပဲ လက်ထပ်ခွင့်တောင်း

ဒီဇင်ဘာ ၄ ။            ။ သြစတြေးလျ ကွန်ဆာတေးဗစ် အာဏာရပါတီက ဥပဒေပြု လွှတ်တော်အမတ်တစ်ဦးဟာ ဒီဇင်ဘာ ၄ ရက် ပါလီမန်အစည်းအဝေးကျင်းပနေချိန်မှာပဲ ၎င်းရဲ့ လိင်တူ ချစ်သူ အမျိုးသားကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။

ပါလီမန်ထဲမှာ လိင်လူချင်း လက်ထပ်မှုကို ခွင့်ပြုတဲ့ ဥပဒေကြမ်း အဆိုတင်သွင်းခဲ့ပြီးနောက် အချိန်အနည်းငယ်အကြာမှာပဲ ယခုလို ထူးခြားတဲ့ အပြုအမူကို ၎င်း လွှတ်တော်အမတ်က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လိင်တူ လက်ထပ်မှုကို တရားဝင်ဥပဒေအဖြစ် ပြဌာန်းဖို့ ပါလီမန်အတွင်း ဆွေးနွေးရာမှာ ယခုလို လွှတ်တော်အမတ်က လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

တင်မ် ၀ီလ်ဆင် ဆိုသူ သြစတြေးလျ လွှတ်တော်အမတ်ဟာ ရိုင်ယန် ဘော်ဂျာ ဆိုသူ အမျိုးသားနဲ့ လိင်တူချင်း ချစ်ကြိုက်နေခဲ့တာ ကိုးနှစ်ကြာခဲ့ပြီလို့ သိရပါတယ်။ ယခုလို လိင်တူချင်း လက်ထပ်ခွင့် ပြုမယ့် ဥပဒေ ပြဌာန်းဖို့ လွှတ်တော်ထဲ ဆွေးနွေးချိန်အထိ လက်တွဲပေးလာခဲ့လို့ ၎င်းရဲ့ လိင်တူ လက်တွဲဖော် ကိုလည်း ကျေးဇူးတင်တယ်လို့ ၀ီလ်ဆင်က ပြောပါတယ်။

" ကျွန်တော် ပထမဆုံး ဆွေးနွေးပြောဆိုချင်တာက ကျွန်တော်တို့ ချစ်သူနှစ်ဦးရဲ့ ဘယ်ဘက်လက်တွေမှာ ဆင်တူ ၀တ်ထားတဲ့ လက်စွပ်တွေရဲ့ ခိုင်မြဲမှုကို အဓိပ္ပါယ်ဖွင့်ချင်ပါတယ်၊ ဒါတွေဟာ ကျွန်တော်တို့ကိုယ်တိုင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့ အဖြေဖြစ်ပါတယ်" လို့ အသက် ၃၇ နှစ်အရွယ် အဆိုပါ လွှတ်တော်အမတ် ၀ီလ်ဆင် က ပြောပါတယ်။

" ဒါကြောင့် ဒီအချိန်မှာ လုပ်စရာ တစ်ခုပဲ ရှိပါတော့တယ်၊ "ရိုင်ယန် ပက်ထရစ် ဘော်ဂျာ" ရေ ကျွန်တော့်ကို လက်ထပ်နိုင်မလား?" ဆိုပြီး ၀ီလ်ဆင်က ပြောပါတယ်။

ယင်းအချိန်မှာ လွှတ်တော်တွင်း ပွဲကြည့်ပရိသတ်စဉ်မှာ ရှိနေခဲ့တဲ့ ဘော်ဂျာကလည်း အလျင်အမြန်ပဲ "yes" လို့ ပြန်ဖြေခဲ့တာကြောင့် ၀ိုင်းဝန်းအားပေးထောပနာသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly