Anaphylaxis (ပြင်းထန်သောဓာတ်မတည့်မှု)

Anaphylaxis (ပြင်းထန်သောဓာတ်မတည့်မှု)

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ပြင်းထန်သောဓာတ်မတည့်မှု

Anaphylaxis လို့ခေါ်တဲ့ ဓာတ်မတည့်မှုတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။ သင်နဲ့ဓာတ်မတည့်သောအရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့ စက္ကန့်ပို််င်းလောက်ထိမိရုံနဲ့တင် ဓာတ်မတည့်မှုဖြစ်နိုင်တယ်။

ပြင်းထန်တဲ့ဓာတ်မတည့်ခြင်းရှိသူတွေဟာ နောက်ထပ်နောက်ထပ် တုံ့ပြန်မှုတွေရနိုင်ချေများပါတယ်။ ပထမတုံ့ပြန်မှုက အားနည်းသည်ဆိုစေကာမူ နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်ဓာတ်မတည့်ခြင်းရပါက ချက်ခြင်းအရေးပေါ်ဌာနသို့သုွားသင့်ပြီး ပြင်းထန်ဓာတ်မတည့့်ခြင်းဟာ မကုသပါက အသက်ရှူရပ်ကာ နှလုံးရပ်သည်ထိဖြစ်နိုင်ပါတယ်။

ပြင်းထန်ဓာတ်မတည့်မှုကိုနားလည်ထားပြီး ထိုသို့ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အရာတွေကိုသိထားခြင်းက သင့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲသိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဓာတ်မတည့်ခြင်းဖြစ်စေသော အခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။
လက္ခဏာများ
အဖြစ်များတဲ့လက္ခဏာတွေကတော့-

  •     အင်ပြင်ထခြင်း၊ ယားယံခြင်း၊ နီရဲလာခြင်း သို့ ဖြူဖျော့သွားခြင်း ကဲ့သို့ အရေပြားတွင်ဖြစ်သော တုံ့ပြန်မှုများ။
  •     မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း၊ လည်ချောင်း ရောင်ရမ်းခြင်း
  •     အသက်ရှူလမ်းကြောင်းပိတ်စေပြီး အသက်ရှူရခက်ခြင်း
  •     သွေးခုန်နှုန်းအားနည်းပြီး လျင်မြန်ခြင်း
  •     အော့အန်ခြင်း၊ ပျို့ခြင်း၊ ၀မ်းလျှောခြင်း
  •     မူးခြင်း၊ လဲခြင်း၊ မေ့ခြင်း

ဖော်ပြသောလက္ခဏာတွေအပြင် နောက်ထပ်ရှိနိုင်သေးတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြံုရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိ်မ့်မယ်။

အကြောင်းရင်းများ

ပဋိပစ္စည်းဆိုတာ သင့်ခန္ဓာကိုယ်ကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်တို့လို ပြင်ပအရာတွေဆီမှ ကာကွယ်ပေးတဲ့အကာအကွယ်တွေဖြစ်တယ်။ ဒါပေမယ့် တချို့လူတွေရဲ့ကိုယ်ခံအားစနစ်က တချို့အရာတွေကိုလိုတာထက်ပိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ရာမှ ဓာတ်မတည့်ခြင်းေတွေဖြစ်လာရတယ် (မြေပဲ၊ ပျားတုပ်ရာမှအဆိပ်)။ ပုံမှန်အားဖြင့်တော့ ဓာတ်မတည်ခြင်း တုံ့ပြန်မှုတွေက အသက်အန္တရာယ်မထိခိုက်တတ်ပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ဓာတ်မတည့်မှုရှိတဲ့လူတွေကတော့ anaphylaxis ပြင်းထန်တဲ့ဓာတ်မတည့်ခြင်းတွေဖြစ်သွားနိုင်ပါတယ်။ ထိုသို့ ပြင်းထန်တဲ့ဓာတ်မတည့်ခြင်းတွေဖြစ်ပေါ်နေချိန်မှာ သင့်ခန္ဓာကိုယ်မှာ ကယ်မီကမ်ပစ္စည်းအများအပြား ထွက်လာပြီး ရှော့ရခြင်း၊ သွေးပေါင်ရုတ်တရတ်ကျခြင်း၊ အသက်ရှူလမ်းကြောင်းကျဉ်းခြင်း၊ ပုံမှန်အသက်ရှူခြင်းကိုပိတ်ဆိုးခြင်းတို့ကို ဖြစ်စေပါလိမ့်မယ်။

ပြင်းထန်ဓာတ်မတည့်မှုဖြစ်စေနိုင်တာတွေက-

  •     ပန်နဆလင်ကဲ့သို့ ဆေးတချို့
  •     အစားအစာများ၊ မြေပဲ၊ အစေ့အဆန်များ၊ ဂျံု(ကလေးများတွင်)၊ ငါး၊ အခွံမာငါး၊ နို့၊ ကြက်ဥ
  •     ပျား၊ နကျယ်ကောင်၊ ပါးဆုပ်ပနီကောင် ကဲ့သို့အင်းဆက်ဆူးများ
  •     အက်ပရင်၊ အိုင်ဗျူပရိုဖန်၊ ကဲ့သို့သောက်ဆေးများ

တခြားအဖြစ်နည်းတဲ့အကြောင်းတွေကတော့-

  •     သစ်စေး
  •     မေ့ဆေးအတွက်သုံးသောဆေးများ
  •     လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပြင်းထန်ဓာတ်မတည့်ခြင်းတွေက အဖြစ်နည်းသလို တစ်ယောက်နဲ့တစ်ယောက်လည်းမတူပါဘူး။ လူတချို့မှာ ဖွဖွပြေးခြင်းလိုမျိုး အေရိုးဗစ်လေ့ကျင့်ခန်းတွေက ထိုသို့ပြင်းထန်ဓာတ်မတည့်မှုမျိုးဖြစ်စေတတ်ပေမယ့် တချို့မှာကျ လမ်းလျှောက်ခြင်းလို သိပ်မပြင်းတဲ့လေ့ကျင့်ခန်းမျိုးကတောင် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် တစ်ခုခုစားခြင်း သို့ ပူလွန်း၊ အေးလွန်း၊ စိုထိုင်းလွန်းသော ရာသီဥတုတွင် လေ့ကျင့်ခန်းလုပ်မှုတွေကြောင့်ဖြစ်တတ်တယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ မည်သည်တို့ကိုသတိထားသင့်တယ်ဆိုတာ သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘာကြောင့်ပြင်းထန်ဓာတ်မတည့်ရသည်မသိရင်တော့ အကြောင်းသိရဖို့အတွက် ဆရာဝန်မှစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ တခါတလေအကြောင်းမသိတာတွေလည်းဖြစ်နိုင်တယ်။

အကြောင်းမဲ့ပြင်းထန်ဓာတ်မတည့်ခြင်းလို့ခေါ်ကြတယ်။

ဘယ်အချက်တွေကြောင့်ဓာတ်မတည့်ခြင်းပိုဖြစ်ရသလဲ

  •     အရင်ကဖြစ်ဖူးခြင်း
  •     ပန်နဆလင်ကဲ့သို့တချို့သောဆေးများ
  •     မိသားစုမှာရာဇဝင်ရှိခြင်း၊ မိသားစုတစ်ယောက်ယောက်က လေ့ကျင့်ခန်းကြောင့် ဓာတ်မတည့်ခြင်းဖြစ်ဖူးပါက တခြားလူတွေထက်ပိုပြီး ဖြစ်နိုင်ချေများပါတယ်။

ဓာတ်မတည့်ခြင်းများ ရင်ကြပ်ခြင်းများရှိပါကလည်း ပြင်းထန်ဓာတ်မတည့်ခြင်းဖြစ်နိုင်ချေများပါတယ်။

 ရောဂါရှာဖွေခြင်းနှင့် ကုသမှုများ

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ဆရာဝန်ကခံစားရတဲ့ဓာတ်မတည့်ခြင်းရဲ့လက္ခဏာတွေ၊ အရင်ကခံစားခဲ့ဖူးတဲ့ ဓာတ်မတည့်ခြင်းတွေအကြောင်းမေးမြန်းပါလိမ့်မယ်။ အရေပြားစစ်ဆေးမှုတွေ၊ သွေးစစ်ဆေးမှုတွေလည်း လုပ်ပါလိမ့်မယ်။

သင့်လက္ခဏာတွေဖြစ်စေနိုင်တဲ့ တခြားအချက်တွေလည်း ထည့်သွင်းစဉ်းစားပါလိမ့်မယ်။

  •     တက်ခြင်းနဲ့ပတ်သတ်သောရောဂါများ
  •     နီရဲယားယံအကွက်များပေါ်ခြင်းကဲ့သို့ အရေပြားပြဿနာတွေဖြစ်စေနိုင်တဲ့ ဓာတ်မတည့်ခြင်းမဟုတ်တဲံ တခြားအကြောင်းအရာများ
  •     ကိုယ်ခံအားစနစ်ပြဿနာများ
  •     စိတ်ပိုင်းဆိုင်ရာပြဿနာများ

နှလုံး၊ အဆုတ်ဆိုင်ရာပြဿနာများ

ပြင်းထန်ဓာတ်မတည့်ခြင်းမှာ အသက်ရှူရပ်ခြင်း သို့ နှလုံးခုန်ရပ်သွားပါက အရေးပေါ်ကုသသူများမှ CPR နည်း (အရေးပေါ်အသက်ကယ်နည်း)လုပ်ဖို့လိုပါလိမ့်မယ်။ ကုသမှုတွေကတော့-

  •     ဓာတ်မတည့်မှုကိုရပ်ဖို့အတွက် adrenaline
  •     အသက်ရှူခြင်းအတွက်အောက်စီဂျင်
  •     အသက်ရှူလမ်းကြောင်ရောင်ရမ်းမှုကိုလျှော့ချပြီး အသက်ရှူခြင်းကိုအကူအညီဖြစ်နိုင်ဖို့အတွက် antihistamine , cortisone အကြောဆေး
  •     အသက်ရှူခြင်းဆိုင်ရာပြဿနာတွေအတွက် albuterol ကဲ့သို့ဆေးများ

 
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ

  •     မိမိကိုဓာတ်မတည့်ခြင်းဖြစ်စေသောအရာများကို တတ်နိုင်သမျှရှောင်ပါ။
  •     မိသားစုနဲ့ သူငယ်ချင်းများကိုပြောပြပါ။ မိသားစုတွေ၊ သူငယ်ချင်းတွေက သင့်အခြေအနေ၊ ဘာနဲ့မတည့်သလဲ၊ ဘယ်လိုလက္ခဏာတွေခံစားရတတ်သလဲ ကိုသိထားသင့်ပါတယ်။
  •     တချို့သောဆေးများ၊ အရာများကို ဓာတ်မတည့်ခြင်းရှိပါက အသိပေးတဲ့ လည်ဆွဲ သို့ လက်ပတ်ဝတ်ထားပါ။
  •     လိုအပ်တဲ့ဆေးများပါသော အရေးပေါ်ဆေးအိတ်ဆောင်ထားပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly