ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အင်နီယေစတာ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အင်နီယေစတာ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းခေါင်ဆေင် အင်နီယေစတာဟာ ၎င်းရဲ့ ဘယ်ဘက် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အင်္ဂါနေ့မှာ ပေါ်တူဂီကလပ် စပို့တင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်လိမ့်မည်မဟုတ်ကြောင်း ကာတာလန်ကလပ်က တနင်္ဂနွေနေ့က အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်နီယေစတာဟာ အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုကို ၂-၂ ဂိုးနဲ့ သရေကျတဲ့ လာလီဂါပွဲစဉ်မှှာ စတင်ကစားခဲ့ပေမယ့် ပွဲကစားချိန် ၅၃ မိနစ်မှာ ဒင်းနစ်ဆွာရက်ဇ်နဲပ လူစားလဲခံခဲ့ရပါတယ်။

“ဆေးစစ်ဆေးချက်အရ ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ဘယ်ဘက်ခြေသလုံး ကြွက်သားဒဏ်ရာရရှိခဲ့ပြီး လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ပါလိမ့်မယ်။”လို့ ဘာစီလိုနာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အင်နီယေစတာရဲ့ အသင်းဖော် အမ်တီတီဟာလည်း အဆိုပါပွဲစဉ်မှာ ဒဏ်ရရှိခဲ့ပြီး (၈)ပတ်ခန့် အနားယူရမှာဖြစ်ပါတယ်။

လာလီဂါဦးဆောင်သူ ဘာစီလိုနာဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ပေါ်တူဂီရဲ့ စပို့တင်းလစ္စဘွန်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly