သရုပ်ဆောင်မင်းသမီး လုပ်ချင်တယ်လို့ ပြောလာတဲ့ ဘရစ်တနီ စပီးယား

သရုပ်ဆောင်မင်းသမီး လုပ်ချင်တယ်လို့ ပြောလာတဲ့ ဘရစ်တနီ စပီးယား

လော့အိန်ဂျလိစ်၊ သြဂုတ် ၁၉ ။        ။ ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယားက သရုပ်ဆောင်မင်းသမီး ဖြစ်ချင်သည့် စိတ်ကူး အိပ်မက်ကို အကောင်ထည်ဖော်ချင်ကြောင်းနှင့် သရုပ်ဆောင် မင်းသမီး တစ်ယောက် ဖြစ်လိုကြောင်း ပြောကြားသည်။

ဘရစ်တနီစပီးယားသည် ယခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Longshot ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ ဘရစ်တနီသည်  Crossroads ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခြားသော ဇာတ်လမ်းအချို့တွင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။ ဘရစ်တနီက ရုပ်ရှင်ကားကြီးများကို ပိုမိုရိုက်ကူးရန် စိတ်အားထက်သန်သော်လည်း ယင်းသည် စိတ်ကူးအိမ်မက် သာရှိကြောင်း ပြောကြားသည်။

“ကျွန်မ ရုပ်ရှင်ကားတွေ ရိုက်ရတာကို ကြိုက်တယ်။ ကျွန်မ သရုပ်ဆောင်မင်းသမီး တစ်ယောက် ဖြစ်ချင်တယ်” ဟု ဘရစ်တနီက ပြောကြားသည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဘရစ်တနီ ကလက်ရှိအချိန် တွင် စီစဉ်ထားသည့် ရုပ်ရှင်ကားများ မရှိကြောင်းနှင့်  Jane the Virgin အစီအစဉ် တွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပြီး  သူသည် ယင်းအစီအစဉ်၏ ပရိသတ်တစ်ဦး ဖြစ်သောကြောင့် အစီအစဉ်တွင် ပါဝင်ရသည့်အတွက် ဝမ်းသာမိကြောင်း ပြောကြားသည်။

“ဒီအစီစဉ်ဟာ အရမ်းကို ရိုးရှင်းတယ်။ နှစ်လိုဖွယ် ကောင်းတယ်။ ပျော်ရွှင်ဖွယ် အစီအစဉ် တစ်ခု ဖြစ်တယ်လို့ ကျွန်မထင်တယ်။ ဒီအစီအစဉ် အောင်မြင်မှုမရရှိတဲ့ အချိန်ကတည်းက ကျွန်မ ဒီအစီအစဉ်ကို စကြည့်ခဲ့တယ်။ ကျွန်မ အဲ့ဒီအစီအစဉ်အကြောင်းကို လူတိုင်းကို ပြောခဲ့တယ်။ အစီအစဉ်မှာ ပါဝင်တဲ့သူ အားလုံးကို ကျွန်မကြိုက်တယ်” ဟု ဘရစ်တနီက E! News ကို ပြောသည်။

ဘရစ်တနီသည် လက်ရှိအချိန်တွင် လာမည့်လ၌ အသက်ကိုးနှစ်နှင့် ဆယ်နှစ်ပြည့်တော့မည် သားဖြစ်သူ ဆီအန်နှင့် ဂျေဒန်တို့ကို မွေးနေ့ပွဲအတူ ကျင်းပပေးနိုင်ရေးအတွက် အလုပ်ရှုပ်လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly