ဘာစီလိုနာနောက်ခံလူ အမ်တီတီ တံကောက်ကြောဒဏ်ရာကြောင့် (၈) ပတ်ခန့် အနားယူရမည်

ဘာစီလိုနာနောက်ခံလူ အမ်တီတီ တံကောက်ကြောဒဏ်ရာကြောင့် (၈) ပတ်ခန့် အနားယူရမည်
(ဓာတ်ပုံ - ဘာစီလိုနာ)

ဘာစီလိုနာနောက်ခံလူ အမ်တီတီဟာ တံကောက်ကြောဒဏ်ရာကြောင့် (၈) ပတ်ခန့် အနားယူရမှာဖြစ်တယ်လို့  ကလပ်အသင်းက စနေနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နူးကမ်မှာ ဘာစီလိုနာက ဆယ်လ်တာဗီဂိုကို ၂-၂ ဂိုးနဲ့ သရေကျတဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ရတဲ့ အမ်တီတီဟာ ပြိုင်ဘက် တိုက်စစ်မှူး အက်စ်ပတ်စ်ကို တားဆီးရန် ကြိုးပမ်းရာမှ ၎င်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဗာမာလန်းနှင့် လူစားလဲခံခဲ့ရပါတယ်။

“အမ်တီတီရဲ့ ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် သူဟာ ညာဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါက သူ့ကို (၈)ပတ်နီးပါး အနားယူစေရမယ်လို့ မျှော်လင့်ရပါတယ်”လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် အမ်တီတီဟာ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်မှာ ကစားမယ့် ရီးယဲလ်နှင့် El Clasico ပွဲအပါအဝင် ချန်ပီယံလိဂ်ပွဲစဉ်များကိုပါ လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

ကွင်းလယ်ခံစစ်သမားဖြစ်တဲ့ မာရှယ်ယာနိုမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ဘာစီလိုနာအသင်းရဲ့ ခံစစ်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly